Xiaomi က Poco X6 Series ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ မကြာခင်က ထိုင်းမှ NBTC Certification အရ Poco X6 Pro ဟာ တရုတ်က Xiaomi Redmi K70E ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်နိုင်ပါတယ်။

Poco X6 5G GeekBench

အခုတော့ GeekBench မှာ Xiaomi 23122PCD1G မော်ဒယ်နံပါတ် ပါတဲ့ Device ၁ လုံးကို တွေ့လာရပါတယ်။ MIUI Source Code နဲ့ GSMA IMEI Database တို့အရ အဲဒီ မော်ဒယ်နံပါတ်ဟာ Poco X6 5G နဲ့ ပတ်သက်နေပါတယ်။ GeekBench က စာရင်းအရ အဲဒီ စမ်းသပ်ထားတဲ့ Device မှာ Qualcomm Snapdragon 7s Gen 2 Chipset ၊ 12GB RAM နဲ့ Android 13 ထည့်သွင်းထားပါတယ်။

The upcoming Poco X6 5G seems to be a rebranded Redmi Note 13 Pro 5G

အဲဒီအတွက် Poco X6 5G ဟာ Xiaomi Redmi Note 13 Pro 5G ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်နိုင်ပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Poco X6 5G မှာ 6.67” 12-bit 120Hz Dolby Vision AMOLED မျက်နှာပြင်နဲ့ 1,800 Nits Peak Brightness ပါလာမှာပါ။ 200MP OIS Main ကင်မရာ ၊ 5,100mAh Battery ၊ 67W Fast Charging ထည့်သွင်းထားမှာပါ။ ကျန်တဲ့ Specs တွေဟာလည်း Xiaomi Redmi Note 13 Pro 5G နဲ့ တူနိုင်ပါတယ်။

Poco X6 အတွက် 4G/LTE Version လည်း ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena