vivo က ၁ လက်မ ဆန်ဆာပါတဲ့ ဘုရင်လို့ သုံးနှုန်းကာ X90 Pro+ ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းဟာ Sony ရဲ့ IMX989 ပါတဲ့ ပထမဆုံး ဖုန်း မဟုတ်ပေမယ့် vivo က ထူးခြားဆန်းသစ်အောင် ပြုလုပ်ထားပါတယ်။ ၁ လက်မ ဆန်ဆာရဲ့ ဓါတ်ပုံ အာရုံခံတဲ့ ဧရိယာဟာ X80 Pro ရဲ့ 1/1.3” ထက် ၇၇ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ Aperture ကျယ်ပြန့်ပြီး f/1.75 ရှိပါတယ်။

The vivo X90 Pro+ packs a 1'' sensor, two tele lenses, a Snapdragon 8 Gen 2 and a vivo V2 ISP

Telephoto ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 64MP ဆန်ဆာပါတဲ့ 90mm Periscope Lens တွေ ဖြစ်ပါတယ်။ 3.5x Optical Zoom ထောက်ပံ့ထားပြီး 100x Digital Zoom ကို သုံးနိုင်ပါတယ်။ ဒါ့အပြင်  50MP ဆန်ဆာမှာ 50mm Portrait Lens ထည့်သွင်းထားပါတယ်။ အဲဒီ ကင်မရာ ၃ လုံးစလုံးမှာ OIS ပါပါတယ်။

A large VC to keep the Snapdragon 8 Gen 2 running cool

Ultrawide Angle Lens က 48MP ဖြစ်ပြီး ၁၁၄ ဒီဂရီ မြင်ကွင်းကျယ်ကို ထောက်ပံ့ပါတယ်။ Autofocus ပါတဲ့ အနောက်ကင်မရာတွေကို Time-of-flight Laser စနစ်က ထောက်ကူထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

The vivo X90 Pro+ camera systemThe vivo X90 Pro+ camera systemThe vivo X90 Pro+ camera system

X90 Pro+ ဟာ 8K 30fps Video ရိုက်ကူးနိုင်ပြီး 14-bit RAW Video Mode ပါပါတယ်။ Dolby Vision နဲ့ LOG Format တွေကို ထောက်ပံ့ပြီး Video ရိုက်နေရင်းနဲ့ 10fps ရုပ်သေဓါတ်ပုံ ရိုက်ကူးနိုင်ပါတယ်။

The vivo X90 Pro+ packs a 1'' sensor, two tele lenses, a Snapdragon 8 Gen 2 and a vivo V2 ISP

နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB or 512GB UFS 4.0 Storage ပါပါတယ်။ Chipset ကို အေးမြစေဖို့ အရွယ်ကြီး 8,900mm2 Vapor Chamber တပ်ဆင်ထားပါတယ်။

Image Processing အတွက် V2 ISP ထည့်သွင်းထားပြီး ISP နဲ့ AI ကို ပေါင်းစပ်ကာ Noise Reduction, HDR , MEMC တွေကို ကိုင်တွယ်နိုင်ပါတယ်။

၆.၇၈ လက်မ 1440x3200p မျက်နှာပြင် တပ်ဆင်ထားပြီး LTPO 4 AMOLED အမျိုးအစား ဖြစ်ပါတယ်။ China Red နဲ့ Original Black ၂ ရောင် ထုတ်လုပ်ထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။ 4,700mAh ဘက်ထရီ အားသွင်းမြန်စေဖို့ ဘက်ထရီကို ၂ ပိုင်း ခွဲထားပါတယ်။ 80W Wired နဲ့ 50W Wireless Charging ထောက်ပံ့ထားပြီး Wired နဲ့ ဆိုရင် ၃၃ မိနစ်နဲ့ အားအပြည့်သွင်းနိုင်ပါတယ်။

vivo X90 Pro+ ကို တရုတ်မှာ OriginOS 3 ထည့်သွင်းထားပြီး ဒီလ ၂၈ ရက်နေ့ အကြိုရောင်းချမှာပါ။ ဒီဇင်ဘာလ ၆ ရက်နေ့ ပေးပို့မှာ ဖြစ်ပြီး vivo က နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မပြောသေးပါဘူး။ 12/256GB ကို ၉၁၀ ဒေါ်လာနဲ့ 12/512GB ကို ၉၇၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena