ကမ္ဘာ့အကြီးဆုံး လျှပ်စစ် သင်္ဘောကို Tasmania မှာ ရေချလိုက်ပြီး Incat သင်္ဘော ကုမ္ပဏီက တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ၁၃၀ မီတာ ရှည်လျားပြီး လျှပ်စစ် သင်္ဘောတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။
သင်္ဘော အမည်က Hull 096 ဖြစ်ပြီး အာဂျင်တီးနားမှ ဗြူနိုအေးရစ် နဲ့ ဥရုဂွေးကို ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ သင်္ဘောမှာ ခရီးသည် ၂,၁၀၀ စီးနိုင်ပြီး ကား ၂၂၅ စီးကို သယ်ဆောင်နိုင်ပါတယ်။ အားလုံးကို ဘက်ထရီနဲ့ပဲ မောင်းနှင်တာ ဖြစ်ပါတယ်။
သင်္ဘောမှာ ၂၅၀ တန် အလေးချိန်ရှိတဲ့ ဘက်ထရီတွေ တပ်ဆင်ထားပြီး 40+ Megawatt-hour စွမ်းအင် သိုလှောင်တဲ့ စနစ် ပါပါတယ်။ မိနစ် ၉၀ ခရီးအတွက် Electric Water Jet ၈ ခုကို အသုံးပြုထားပါတယ်။ သင်္ဘောပြေးဆွဲမယ့် လမ်းကြောင်းရဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ အားသွင်း အဆောက်အဦးတွေကို တည်ဆောက်ထားပါတယ်။
သင်္ဘောမှာ ၂,၃၀၀ စတုရန်း မီတာ ကျယ်ဝန်းတဲ့ ဈေးဝယ်စင်တာ တစ်ခု တည်ဆောက်ထားပြီး သင်္ဘောတွေထဲမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ ဘက်ထရီ တပ်ဆင် စမ်းသပ်မှုကို ဒီနှစ်နှောင်းပိုင်းမှာ Tasmania ရဲ့ River Derwent မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
Ref : Tech Explorers