DisplayMate ဟာ Xiaomi 12 Series ရဲ့ မျက်နှာပြင် စမ်းသပ်ချက် ရလဒ်တွေကို ကြေညာလိုက်ပြီး ဖုန်း ၃ လုံးစလုံးဟာ A+ သတ်မှတ်ချက်ရသွားပါတယ်။ 12 နဲ့ 12 Pro ဟာ မျက်နှာပြင် စံချိန် ၁၅ ခုကို ချိုးနိုင်ခဲ့ပြီး ၇ ခုဟာ အပြစ်အနာအဆာ မရှိ လုံးဝ ပြည့်စုံကောင်းမွန်တယ်လို့ မှတ်ချက်ပြုခံရပါတယ်။

The Xiaomi 12 trio receives perfect A+ marks from DisplayMate - GSMArena.com news

ဖုန်း ၁ လုံးချင်းစီဟာ မတူညီတဲ့ ဧရိယာတွေမှာ အားကောင်းတာကို ပြသနိုင်ခဲ့ကြပါတယ်။ Xiaomi 12 Pro ဟာ ဖုန်း ၃ လုံးထဲမှာ 1440x3200p Resolution ပါတဲ့ ၁ လုံးထဲသော ဖုန်း ဖြစ်ပြီး ကြည်လင်ပြတ်သားမှု အပိုင်းမှာ အကောင်းဆုံး ဖြစ်ပါတယ်။ တောက်ပမှုဟာ 100% APL မှာ  980 nits နဲ့ Low APL မှာ 1541 nits အထိ ရှိပါတယ်။

Xiaomi ဟာ 12 Series မျက်နှာပြင်တွေကို စက်ရုံမှာ Calibrate လုပ်တဲ့အတွက် အရောင် တိကျမှု အပိုင်းမှာ ပြည့်စုံ ကောင်းမွန်ပါတယ်။ မှန်ကန်တဲ့ Mode ကို သတ်မှတ်ထားရင် မျက်နှာပြင်တွေဟာ ပြည့်စုံတဲ့ sRGB နဲ့ DCI-P3 ကို ထုတ်လုပ်ပေးနိုင်ပြီး Vivid နဲ့ Saturated Mode က ၁၀၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။

The Xiaomi 12 trio receives perfect A+ marks from DisplayMate - GSMArena.com news

Xiaomi 12 နဲ့ 12X မျက်နှာပြင်တွေဟာ ၆၈ ဘီလီယမ် အရောင်တွေကို ထုတ်လုပ်ပေးနိုင်ပြီး တစ်နည်းပြောရရင် 12-bit Panels တွေကို ပိုင်ဆိုင်ထားတာပါ။ 12-bit Panels ကို စမတ်ဖုန်းမှာ ပထမဆုံး ထည့်သွင်းပေးထားတာလို့ ပြောနိုင်ပါတယ်။ 12-bits Color ကို ပြည့်ဝစွာ ခံစားနိုင်ဖို့ Dolby Vision ပါတဲ့ Footage လိုအပ်ပါတယ်။ ကောင်းတဲ့အချက်က အဲဒီ ဖုန်းတွေမှာ Dolby Vision Certification ပါလာတာပါ။

12 Pro မှာ 10-bit Panel တပ်ဆင်ထားပြီး ၁ ဘီလီယမ် အရောင်တွေ ထုတ်လုပ်ပေးနိုင်ပါတယ်။ ကောင်းတဲ့အချက်က Pro ဟာ LTPO Panel ပါတဲ့ ၁ လုံးထဲသော ဖုန်း ဖြစ်ပြီး 1Hz နဲ့ 120Hz အကြား Refresh Rate များစွာကို ပံ့ပိုးပေးပါတယ်။

Ref : gsmarena