Samsung Galaxy Note Series Fans တွေအတွက် ၂၀၂၁ ခုနှစ်ဟာ ဝမ်းနည်းစရာ နှစ် ၁ နှစ် ဖြစ်လာနိုင်ပါတယ်။ Samsung ဟာ Galaxy Note Series ကို ၂၀၂၁ ခုနှစ်မှာ ထုတ်လုပ်ရောင်းချခြင်း မပြုဘူးလို့ သတင်းထွက်လာပါတယ်။ ဒီသတင်းကို စမတ်ဖုန်း လောကက နာမည်ကျော်များစွာက တညီတညွတ်ထဲ ပြောနေကြတာ ဖြစ်ပါတယ်။

အဲဒီအထဲက ၁ ယောက် ဖြစ်တဲ့ Max Weibnach က Samsung ဟာ ၂၀၂၁ ခုနှစ်မှာ စွမ်းရည်မြင့် စမတ်ဖုန်းတွေ အနေနဲ့ Galaxy S21 Devices တွေ ဖြစ်တဲ့ S21, S21+, S21 FE , S21 Ultra နဲ့ Galaxy Z Devices တွေ ဖြစ်တဲ့ Z Fold 3, Z Flip 3 , Z Fold FE တို့ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းပေးထားပါတယ်။ အဲဒီ စမတ်ဖုန်းတွေထဲက ၃ လုံးမှာ S Pen ပါလာမယ်လို့ သတင်းထွက်နေပြီး သေချာတာကတော့ Galaxy S21 Ultra ဖြစ်ပါတယ်။

Galaxy Note 21 ၁ လုံးမှ ပါလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Note Series မဟုတ်တဲ့ စမတ်ဖုန်းတွေမှာ S Pen ပါလာမယ်ဆိုတော့ ထူးခြားလာမှာပါ။ Ice Universe ရဲ့ နောက်ထပ် ထောက်ပြချက် ၁ ခုက အခုအချိန်အထိ Galaxy Note Series ဖုန်း အသစ်တွေရဲ့ သတင်းအချက်အလက်တွေ ဘာမှ မထွက်လာသေးတာ ဖြစ်ပါတယ်။

လက်ရှိမှာ Galaxy Note Series အသစ်တွေ နောက်နှစ် မထွက်လာနိုင်ဘူးဆိုတဲ့ သီအိုရီတွေ များစွာ ထွက်နေပေမယ့် ပြောဖို့စောပါသေးတယ်။ ဒီနှစ်မှာတော့ Note20 ပြီးနောက်မှာ Fold2 ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref : gsmarena