US Mint (အမေရိကန် ဒင်္ဂါးသွန်းစက်ရုံ) ဟာ Apple ရဲ့ ဒဏ္ဍာရီဆန်တဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Steve Jobs ကို ဂုဏ်ပြုဖို့အတွက် သူ့ပုံပါဝင်တဲ့ ၁ ဒေါ်လာတန် Innovation ဒင်္ဂါးပြားတစ်ပြားကို ဒီဇိုင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Steve Jobs to Be Featured on U.S. Commemorative $1 Coin in 2026 - MacRumors

ဒါဟာ US Mint က အမေရိကန်ရဲ့ တီထွင်ဆန်းသစ်မှုနဲ့ “တစ်ဦးချင်း ဒါမှမဟုတ် အုပ်စုလိုက် ရှေ့ဆောင်လမ်းပြ ကြိုးပမ်းမှုတွေ” ကို ဂုဏ်ပြုတဲ့ နှစ်စဉ် အစဉ်အလာတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အခုလို ထုတ်လုပ်တာပါ။  ၂၀၂၆ ခုနှစ်အတွက် Innovation ဒင်္ဂါးပြားတွေထဲက တစ်ခုမှာ Steve Jobs ပါဝင်ပါတယ်၊ အဲဒါကို အောက်မှာ တွေ့နိုင်ပါတယ်။

Steve Jobs gets his own US dollar coin next year

သူဟာ တောင်ကုန်းတွေနဲ့ ဝက်သစ်ချပင်တွေပါတဲ့ Californian ရှုခင်းတစ်ခုရဲ့ ရှေ့မှာ ခြေထောက်ချိတ်ထိုင်နေပါတယ်။ US Mint ရဲ့ တရားဝင် ကြေညာချက်မှာ သူ နက်နက်နဲနဲ တွေးတောနေတာကို ပြသထားပြီး ရှုပ်ထွေးတဲ့ နည်းပညာကို သဘာဝကျတဲ့ အရာတစ်ခု အဖြစ် ပြောင်းလဲနိုင်တာကို ပုံဖော်ထားတယ်လို့ ဆိုပါတယ်။

ဒင်္ဂါးပြားပေါ်က ကမ္ပည်းစာတွေကတော့ “United States of America”၊ “California”၊ “Steve Jobs” နဲ့ “Make something wonderful” တို့ ဖြစ်ပါတယ်။

Ref : gsmarena