ဟက်ကာ ၁ ယောက်ဟာ Bored Ape Yacht Club (BAYC) ရဲ့ အင်စတာဂရမ် အကောင့်ကို ဟက်ပြီး ဒေါ်လာ သန်းချီတန်တဲ့ NFT တွေကို ခိုးယူခဲ့ပါတယ်။ သူဟာ အဲဒီ အင်စတာဂရမ် အကောင့်ကနေ Phishing Link တွေ တင်ပြီး User ရဲ့ Crypto Wallet ထဲက Token တွေကို ရယူခဲ့တာ ဖြစ်ပါတယ်။
🚨There is no mint going on today. It looks like BAYC Instagram was hacked. Do not mint anything, click links, or link your wallet to anything.
— Bored Ape Yacht Club (@BoredApeYC) April 25, 2022
BAYC က ဟက်ခံရတဲ့အကြောင်းကို တွစ်တာမှာ ပို့စ်တင်ထားပြီး “ ဒီနေ့ အရောင်းအဝယ် မရှိပါဘူး။ BAYC ရဲ့ အင်စတာဂရမ် အကောင့် ဟက်ခံလိုက်ရပြီ ထင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။
ခိုးယူခံရတဲ့ Apes တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ သိန်း ဂဏန်း ရှိပါတယ်။ တန်ဖိုးအနည်းဆုံး #7203 ကို ပြီးခဲ့တဲ့ ၄ လအကြာက 47.9 ETH ( $138,000) နဲ့ ရောင်းချခဲ့တာပါ။ Ape #6778 ကို 88.88 ETH ($256,200) နဲ့ Ape #6178 ကို 90 ETH ($259,400) နဲ့ နောက်ဆုံး ရောင်းချခဲ့တာပါ။ Bored Ape #6623 က တန်ဖိုးအကြီးဆုံး ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လအကြာက 123 ETH ($354,000) နဲ့ ရောင်းချခဲ့တာပါ။ အားလုံးပေါင်းလိုက်ရင် စုစုပေါင်း တန်ဖိုးဟာ ဒေါ်လာ ၁ သန်းကျော်ပါတယ်။
ဟက်ကာက BAYC ရဲ့ အင်စတာဂရမ် အကောင့်ကို ဘယ်လို ခိုးယူသွားသလဲ ဆိုတာ မသိရသေးပါဘူး။ BAYC ကို ဖန်တီးထားတဲ့ Yuga Labs က Two-factor Authentication ကို Enable လုပ်ထားပြီး အင်စတာဂရမ် အကောင့်ရဲ့ လုံခြုံရေးကို အကောင်းဆုံး ပြုလုပ်ထားတယ်လို့ ပြောပါတယ်။ Yuga Labs က ခိုးယူခံရတဲ့ User တွေနဲ့ ဆက်သွယ်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
Ref : theverge