LG ရဲ့ လက်နက်သစ် LG Velvet စမတ်ဖုန်းဟာ ရိုးရိုးနဲ့ 5G ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်လာခဲ့ပြီးသား ဖြစ်ပေမယ့် မရပ်တန့်သေးဘဲ တတိယမြောက်ဗားရှင်းကို မြင်တွေ့ရဦးမယ့် ပုံပါပဲ။

ဒီသတင်းကို Google Play Console စာရင်းကနေ စတင်ခဲ့တာဖြစ်ပြီး ထပ်လာမယ့် LG Velvet ဟန်းဆက်မှာ MediaTek Dimensity 800 ချစ်ပ်ဆက်အသစ်ကို အသုံးပြုထားပါတယ်။

အခြားဖော်ပြထားတဲ့ Specs တွေကတော့ အခြား Velvet မော်ဒယ်နှစ်ခုနဲ့ အတူတူပဲဖြစ်ပြီး FHD+ Display, 6GB RAM နဲ့ Android 10 OS တို့ပဲ ပြန်ပါဝင်လာပါတယ်။ ဒီဟန်းဆက်အသစ်ရဲ့ ဓါတ်ပုံကိုလည်း ဖော်ပြထားပြီး မြင်ရသလောက်တော့ ကြီးမားတဲ့ ပြောင်းလဲမှု မရှိပါဘူး။

ဒါပေမယ့် ကျန်သေးတဲ့ Specs တွေမှာရော ဆက်ပြီး တူညီနေဦးမှာလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ရှေ့မှာ မိတ်ဆက်ထားတဲ့ Velvet မှာတော့ 6.8” AMOLED Display, 48MP ဦးဆောင်တဲ့ Triple-camera နဲ့ 4,300 mAh ဘက္ထရီတို့ ပါဝင်ပါတယ်။

Ref – GSMArena