Lana Denina ဟာ ဖေဖော်ဝါရီလကတည်းက စတင်ကာ NFTs တွေကို ပလက်ဖောင်းများစွာမှာ ရောင်းချခဲ့ပြီး အခုဆိုရင် ဒေါ်လာ ၃ သိန်းကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့ပါပြီ။ စတင် မရောင်းချခင် ၁ လအတွင်းမှာပဲ သူမဟာ NFTs အကြောင်းကို စတင် လေ့လာခဲ့တာက အထင်ကြီးစရာပါ။

အသက် ၂၄ နှစ်အရွယ် Denina က “ အဲဒီအချိန်တုန်းက Blockchain အကြောင်း ကျွန်မ ဘာမှ မသိခဲ့ပါဘူး။ လေ့လာကြည့်လိုက်တော့ တော်တော် အံ့အားသင့်သွားခဲ့ပါတယ်။ ထူးခြားဆန်းသစ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

"Touch Me, Love Me," by Lana Denina.

Denina ဟာ ပန်းချီ ဆရာမ ၁ ယောက် ဖြစ်ပြီး ဒစ်ဂျစ်တယ် ပစ္စည်း ပိုင်ဆိုင်သူကို သက်သေခံပေးတဲ့ အဲဒီ နည်းပညာကို သဘောကျနေပါတယ်။ သူမက အနုပညာရှင်တွေဟာ NFTs နဲ့ Web3 ကြောင့် ကိုယ်ပိုင် Gallery တွေ ဖန်တီးနိုင်ပြီး ဈေးနှုန်းတွေ ကြိုက်သလို သတ်မှတ်နိုင်တယ်လို့ ရှင်းပြပါတယ်။

The Mona Lana #500, the last piece in the Mona Lana collection, by Lana Denina.

ကနေဒါ နိုင်ငံ မွန်ထရီရယ်မှာ နေထိုင်တဲ့ Denina ဟာ နိုဝင်ဘာလမှာ နောက်ဆုံးအနေနဲ့ Mona Lana NFTs Collection ကို ရောင်းချခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ရောင်းထွက်သွားပါတယ်။ Mona Lana Collection မှာ Denina ဖန်တီးထားတဲ့ အမျိုးသမီး ပန်းချီကား ၅၀၀ ပါဝင်ပါတယ်။

သူမက “ ဒီလောက် မြန်မြန် ရောင်းထွက်သွားတဲ့အတွက် အရမ်းကို အံ့အားသင့်ခဲ့ပါတယ်။ ကံကောင်းတာလားတော့ မသိပါဘူး။ ကျွန်မနဲ့ ကျွန်မ ပါတနာအတွက် အရမ်းကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပြီး ကျွန်မတို့ ဒီ စီမံကိန်းမှာ အရမ်း အားစိုက်ထားပါတယ်။ ကျွန်မတို့ ၂ ယောက် အရမ်းကို ပျော်ရွှင်နေပါတယ်။ “ လို့ ပြောပါတယ်။ Denina ဟာ ပါတနာ ၁ ယောက်နဲ့ အလုပ်အတူတူ လုပ်တာ ဖြစ်ပေမယ့် အနုပညာ လက်ရာ အားလုံးကို သူမပဲ ဖန်တီးတာ ဖြစ်ပါတယ်။

Ref : cnbc