Amrit Pal Singh ဆိုသူ အသက် ၃၂ နှစ်အရွယ် အမျိုးသားဟာ Metaverse မှာ ပြသဖို့အတွက် ဒေါ်လာ ၁၂၅,၀၀၀ ကျော်ဖိုး NFTs တွေကို ဝယ်ယူခဲ့ပါတယ်။ ဒီဇိုင်နာနဲ့ Illustrator ၁ ယောက် ဖြစ်တဲ့ Singh ဟာ ဖေဖော်ဝါရီလက စတင်ကာ သူ့ရဲ့ အနုပညာလက်ရာတွေကို NFTs အဖြစ် ရောင်းချခဲ့ပြီး ၂ လအတွင်း Metaverse မှာ NFTs တွေဟာ အလားအလာကောင်းတယ်ဆိုတာ သိခဲ့တယ်လို့ ပြောပါတယ်။

Amrit Pal Singh bought a virtual plot for two ether on Cryptovoxels, a metaverse powered by the Ethereum blockchain.

Player တွေ မြေဝယ်ယူကာ တည်ဆောက်နိုင်တဲ့ Cryptovoxels ရဲ့ Metaverse  မှာ Singh ဟာ Virtual Plot ၁ ခုကို 2 Ether သို့မဟုတ် ဒေါ်လာ ၉,၃၀၀ နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီမှာ သူဟာ Toy Face Café အမည်ရ 10×18 Square Meter အရွယ်အစား ရှိတဲ့ Gallery ၁ ခုကို တည်ဆောက်ထားပါတယ်။

Amrit Pal Singh has spent 40 ether on NFTs to display them in the metaverse.

Café ရဲ့ အောက်ထပ်မှာ Singh ဟာ သူ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေနဲ့ တခြား အထပ်တွေမှာ သူ စုဆောင်းထားတဲ့ အနုပညာလက်ရာတွေကို ပြသထားပါတယ်။ ပြီးခဲ့တဲ့ ၉ လအတွင်း Singh ဟာ သူ့ အနုပညာ လက်ရာ NFTs တွေကို ဒေါ်လာ ၁ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။

On the ground floor of the metaverse cafe, Amrit Pal Singh displays the art he created, and on the other floors, he displays the art that he has collected.

ဒီလို ဝင်ငွေကောင်းလာတဲ့အတွက် သူဟာ LIRONA, Tory Bryant, Ankit Kapoor, Navneet Bawa, Prasad Bhat, Anwesh Kumar Sahoo နဲ့ Rachna Ravi အပါအဝင် တခြား အနုပညာရှင်တွေရဲ့ NFTs တွေကို ဝယ်ယူလာနိုင်ခဲ့ပါတယ်။ သူဟာ အနုပညာရှင်တွေရဲ့ NFTs တွေကို ဝယ်ယူတဲ့အပြင် CrypToadz, Doodles, Cool Cats နဲ့ Robotos တို့လို နာမည်ကြီး Collectible စီမံကိန်းတွေက NFTs တွေမှာလည်း ရင်းနှီးမြှပ်နှံထားပါတယ်။

Singh ဟာ NFTs ကို ယုံကြည်သက်ဝင်သူ ဖြစ်တဲ့အတွက် ဒေါ်လာ သိန်းဂဏန်း ရင်းနှီးမြှပ်နှံဖို့ ထိုက်တန်တယ်လို့ ပြောပါတယ်။

Ref : cnbc