Covid-19 စစ်ဆေးပေးတဲ့ ကိရိယာတွေဟာ ဈေးကြီးသလို တွက်ချက်ချိန်ကလည်း ကြာပါတယ်။ အခုတော့ ဒီထက် ကုန်ကျစားရိတ် သက်သာပြီး မြန်မြန် အဖြေသိနိုင်မယ့် နည်းလမ်း ၁ ခုကို မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်(MIT)က ဖန်တီးလိုက်ပါတယ်။ ပညာရှင်တွေ ဖန်တီးလိုက်တဲ့ AI က လူ ၁ ယောက် ချောင်းဆိုးသံကို ကြားတာနဲ့တင် Covid-19 ရှိသလား ဆိုတာ စစ်ဆေးပေးနိုင်ပါတယ်။

IIT Hyderabad researcher develops AI-powered low-cost, point of care Covid-19 testing kit, Health News, ET HealthWorld

AI က Covid-19 ကြောင့် ချောင်းဆိုးသံ ပြောင်းသွားတာကို တွက်ချက် အဖြေထုတ်ပေးတာပါ။ သာမာန်လူတွေ ချောင်းဆိုးသံနဲ့ ဗိုင်းရက်စ်ကြောင့် ချောင်းဆိုးသံဟာ သိပ်မကွဲပြားတဲ့အတွက် သာမာန် လူတွေ မခွဲခြားနိုင်ပါဘူး။ AI ကပဲ ဒီလို ခွဲခြားပေးနိုင်တာပါ။ ဒီလို ခွဲခြားနိုင်အောင် AI ကို ချောင်းဆိုးသံပေါင်း သောင်းဂဏန်းနဲ့ လေ့ကျင့်ပေးထားတာပါ။

Five Companies Using AI to Fight Coronavirus - IEEE Spectrum

စမ်းသပ်ချက်တွေအရ AI ဟာ အံ့အားသင့်စရာကောင်းလောက်အောင် မှန်ကန်တိကျပါတယ်။ ဗိုင်းရက်စ် ကူးစက်ခံရသူတွေရဲ့  ချောင်းဆိုးသံ ၉၈.၅ ရာခိုင်နှုန်းနဲ့ သာမာန် လူတွေရဲ့ ချောင်းဆိုးသံ ၁၀၀ ရာခိုင်နှုန်းကို မှန်ကန်စွာ အဖြေထုတ်ပေးနိုင်ပါတယ်။

ဒါပေမယ့် AI မှာလည်း အားနည်းချက်တွေ ရှိကြပါတယ်။ MIT က သုတေသန ပညာရှင်တွေက သူတို့ ဖန်တီးထားတဲ့ AI ဟာ အရမ်း တိကျပေမယ့် Covid-19 စမ်းသပ်တဲ့ ကိရိယာတွေကို အစားထိုးဖို့ မသင့်တော်သေးဘူးလို့ သတိပေးထားပါတယ်။ ပညာရှင်တွေက AI နဲ့ တွဲဖက် သုံးနိုင်တဲ့ App ကိုလည်း ဖန်တီးနေတယ်လို့ ပြောပါတယ်။ အနာဂတ်မှာတော့ အဲဒီ AI ဟာ Covid-19 ကို အဖြေထုတ်ဖို့အတွက် အရမ်းကို အသုံးဝင်လာမှာပါ။

Ref : gizmodo