အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအများအပြားဟာ ရေစိုခံနိုင်တဲ့ IP Rating ကိုထည့်သွင်းလာကြပါတယ်။ ပုံမှန်အားဖြင့် Flagship ဖုန်းတိုင်းနီးပါး IP Rating ပါဝင်နေပြီဖြစ်ပြီး တချို့သော High End စမတ်ဖုန်းတွေမှာလည်း ပါဝင်လေ့ရှိပါတယ်။

ဒါပေမယ့်လည်း ကိုယ့်ရဲ့ စမတ်ဖုန်းက IP Rating Support ပြုလုပ်ပေမယ့် ပြုတ်ကျထားတာပဲဖြစ်ဖြစ်၊ တခြားသောထိခိုက်မှုရှိမိထားလို့ပဲဖြစ်ဖြစ် ရေစိုခံသေးရဲ့လားဆိုတာက စိုးရိမ်ရပါတယ်။ ဒါကို စစ်ဆေးဖို့အတွက်ကတော့ ယခင်တုန်းက Service Center တွေဆီမှာပဲ သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ကိုယ့်ရဲ့ စမတ်ဖုန်းက ရေစိုခံနိုင်သေးရဲ့လားဆိုတာကို စစ်ဆေးနိုင်တဲ့ Application တစ်ခုထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ App ကတော့ Water Resistance Tester နာမည်ပေးထားပြီးတော့ Developer Ray W ကနေ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ App ဟာ ဖုန်းမှာပါဝင်တဲ့ Barometer ကိုအသုံးပြုပြီး Pressure Level ကို တိုင်းတာတဲ့အတွက် ကိုယ့်ဖုန်းက IP Rating ပါဝင်ပေမယ့် Barometer ပါဝင်ခြင်းမရှိဘူးဆိုရင်တော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ စမ်းသပ်တဲ့အချိန်မှာ Pressure ကို ခံနိုင်ရည်ရှိမရှိအတွက် Screen ကိုလည်း လက်မ ၂ ချောင်းနဲ့ ဖိထားတာမျိုးကိုလည်းပြုလုပ်ရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ Water Resistance Tester App ကို အသုံးပြုချင်တယ်ဆိုရင်တော့ Google Play Store ကနေ အခမဲ့ Download ပြုလုပ်ရမှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဒီလိုမျိုး Application နဲ့ စမ်းသပ်တာက ကိုယ်တိုင် Service Center ကိုသွားရောက်စစ်ဆေးတာထက်တော့ စိတ်ချရမှာမဟုတ်ပါဘူး။

Ref – Android Authority