Jump Aero က JA1 Pulse ကို ပြသလိုက်ပြီး eVTOL အမျိုးအစား ဖြစ်ပါတယ်။ eVTOL ဆိုတာက မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ လေယာဉ် ဖြစ်ပါတယ်။

ကုမ္ပဏီက JA1 Pulse ကို ၂၀၁၉ ခုနှစ်ကတည်းက စတင် တီထွင်နေတာ ဖြစ်ပြီး အခုတော့ Electro Ventures က JA1 Pulse ၁၀ စီးကို မှာယူထားပါတယ်။ Electro Ventures ဟာ Jump Aero နဲ့ နှစ်ပေါင်းများစွာ ပူးပေါင်း အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Jump Aero reveals design of ambulance-beating JA1 Pulse eVTOL

Jump Aero ရဲ့ JA1 Pulse eVTOL ဟာ ဆရာဝန်တွေနဲ့ အသက်ကယ် ပစ္စည်းကိရိယာတွေကို ဝေးလံတဲ့ နေရာက လူနာတွေထံ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ JA1 Pulse ဟာ မြေပြင် မညီညာတဲ့ နေရာတွေမှာတောင် အတက် အဆင်းလုပ်နိုင်ပါတယ်။

Jump Aero JA1 Pulse (concept design)

Jump Aero JA1 ရဲ့ အမြန်နှုန်းက ၁ နာရီကို ၄၆၃ ကီလိုမီတာ ဖြစ်ပြီး ၃၃၁ ပေါင်ကို သယ်ဆောင်နိုင်ပါတယ်။ ၅၀ ကီလိုမီတာ အကွာအဝေးကို ၈ မိနစ်ထဲနဲ့ သွားနိုင်ပါတယ်။

Electro Ventures က Jump Aero eVTOL ဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသက လူတွေကို အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ပေးဖို့ အသုံးဝင်တယ်လို့ ပြောပါတယ်။

Electro Ventures မှ Joshua Portlock က “ အာဏာပိုင်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့အတွက် JA1 Pulse ကို အမြန်ဆုံး အသုံးပြုနိုင်တော့မှာပါ။ ဩစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံတွေက ဝေးလံခေါင်ဖျားတဲ့ ဒေသက လူတွေကို ကျန်းမာရေး စောင့်ရှောက်ပေးနိုင်တော့မှာပါ။ “ လို့ ပြောပါတယ်။

Ref : inceptivemind