OnePlus Nord လိုင်းဟာ မကြာခင်အချိန်အတွင်း မော်ဒယ်သစ်နှစ်မျိုးကို မိတ်ဆက်လာဖွယ်ရှိပါတယ်။ ဒီနှစ်မျိုးထဲက တစ်ခုကတော့ အမေရိကန်ဈေးကွက်အတွက်ပြုလုပ်ထားတဲ့ Nord N10 5G လို့ သိရပါတယ်။ အခုတော့ ဒီဟန်းဆက်ရဲ့ ပုံပန်းသဏ္ဍန်ဟာ ဘယ်လိုရှိတယ်ဆိုတာကို အနည်းအကျဉ်းတော့ သိနိုင်ပြီ ဖြစ်ပါတယ်။


Max J. (@MaxJmb) ရဲ့ ဖော်ပြမှုကတစ်ဆင့် တွစ်တာမှာပေါက်ကြားထွက်ပေါ်လာတဲ့ ပုံရိပ်တစ်ခုဟာ OnePlus Nord N10 5G ရဲ့ ကျောဘက်အခြမ်းကို ဖော်ပြထားတဲ့ပုံကြမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီပုံကြမ်းအရ OnePlus Nord N10 5G ရဲ့ ကျောဘက်ဒီဇိုင်းဟာ မကြာခင်ကမှ မိတ်ဆက်ခဲ့တဲ့ OnePlus 8T နဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

ကျောဘက်ကင်မရာအိမ်ဖွဲ့စည်းပုံဟာ စတုရန်းပုံစံဖြစ်ပြီး ကင်မရာသုံးလုံးကို အထက်အောက် တန်းစီထားနိုင်တဲ့အနေအထားဖြစ်သလို၊ ဘေးမှာလည်း ကင်မရာနဲ့ ဖလက်ရှ်တို့ကို နေရာချထားနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ Caption အရ ဒီဟန်းဆက်ဟာ ကင်မရာပိုင်းမှာ မျှော်လင့်ချင်စရာဖြစ်ပြီး အရောင်ကလည်း အပြာရောင်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ကနဦးကောလာဟလတွေအရ OnePlus Nord N10 5G ဟာ 64MP အဓိကကင်မရာအပါအဝင်၊ ကင်မရာလေးလုံး တပ်ဆင်ထားမယ်လို့ သိရပါတယ်။ Snapdragon 690 processor ကို 6GB of RAM နဲ့တွဲဖက်ထားပြီး သိုလှောင်မှုပမာဏကလည်း 128GB ဖြစ်တယ်လို့ ဆိုပါတယ်။ 6.4-inch FHD+ မျက်နှာပြင်ဖြစ်ပြီး 90Hz refresh ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

OnePlus ဟာ Nord N10 5G ကို $400 (၅ သိန်းဝန်းကျင်) အောက်ပဲ သတ်မှတ်ထားပြီး Pixel 4a နဲ့ Pixel 4a 5G တို့ကို ပြိုင်ဆိုင်လာဖွယ်ရှိပါတယ်။ ဒီဟန်းဆက်ကို လာမယ့်အောက်တိုဘာလ ၂၆ ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပေမယ့် ကုမ္ပဏီဘက်ကတော့ တရားဝင်ကြေညာရခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။ OnePlus Nord N100 LTE ဟန်းဆက်ကိုလည်း အတူတွဲလျက် မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Ref: Gizmochina