Realme ဟာ မေလတုန်းက 10,000 mAh ဘက်ထရီပါဝင်တဲ့ ရှေ့ပြေးနမူနာ (prototype) စမတ်ဖုန်းတစ်လုံးကို ပြသခဲ့ပြီး ဒီနှစ်ထဲမှာ 7,500 mAh ဘက်ထရီပါတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်မယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် 10,000 mAh မော်ဒယ်လည်း မကြာခင် ထွက်လာမယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ Realme ဆီကနေ flagship ဖြစ်တဲ့ GT 8 Pro အပါအဝင် 7,000 mAh ဘက်ထရီသုံး စမတ်ဖုန်းတွေကိုပဲ မြင်တွေ့ထားရပါသေးတယ်။ 10,000 mAh ဘက်ထရီပါတဲ့ ဖုန်းကို ဈေးကွက်တင်ရောင်းချမယ့်အကြောင်း Realme ဘက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမယ့် Russia ဘလော့ဂ်တစ်ခုရဲ့ အယ်ဒီတာချုပ်က ဒီဖုန်းရဲ့ ပုံကို မျှဝေခဲ့ပြီး အဓိကအချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

This Realme smartphone with a 10,001 mAh battery is launching soon

နာမည်မသိရသေးတဲ့ အဲဒီ Realme စမတ်ဖုန်းဟာ မော်ဒယ်နံပါတ် RMX5107 ဖြစ်ပြီး မကြာခင်ကမှ မိတ်ဆက်လိုက်တဲ့ Honor Win နဲ့ Win RT တို့ရဲ့ ဘက်ထရီပမာဏထက် 1 mAh ပိုများတဲ့ 10,001 mAh ဘက်ထရီ ပါဝင်ပါတယ်။ အဲဒီဖုန်းမှာ Realme UI 7.0 ကို အသုံးပြုထားပြီး RAM 12GB နဲ့ storage 256GB ပါဝင်ပါတယ်။ ဒါပေမယ့် လက်ရှိ မသိရသေးတဲ့ တခြား memory အမျိုးအစားတွေလည်း ရှိနိုင်ပါသေးတယ်။ သတင်းရင်းမြစ်ရဲ့ အဆိုအရ RMX5107 ဟာ Hi-Res Audio အထောက်အပံ့အတွက် လက်မှတ်ရရှိထားပြီး Russia မှာ ရောင်းချဖို့အတွက်လည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်တွေမှာ ဒီဖုန်းအကြောင်း သတင်းတွေ ပိုပြီး ကြားသိရဖို့ ရှိပါတယ်။

This Realme smartphone with a 10,001 mAh battery is launching soon -  GSMArena.com news

Ref : gsmarena