Euro Airship က Solar Airship One အမည်ရ လေယာဉ် စီမံကိန်းကို ကြေညာလိုက်ပြီး လောင်စာဆီ မသုံး၊ ကာဘွန်ဒိုင်အောက်ဆိုက် မထုတ်လွှင့်ဘဲ ကမ္ဘာအဝန်းကို မရပ်မနား ပျံသန်းမှာပါ။ ကုမ္ပဏီက ဒီစီမံကိန်းဟာ ကာဘွန် ထုတ်လုပ်မှု နည်းပါးတဲ့ ကမ္ဘာ့ ပထမဆုံး သယ်ယူပို့ဆောင်ရေး စနစ်ကို သရုပ်ပြတာလို့ ပြောပါတယ်။

This Solar Airship One will fly non-stop around the world for 20 days.

Solar Airship One ဟာ ဝေလငါး ပုံသဏ္ဍာန် လေယာဉ် ဖြစ်ပြီး နေရောင်ခြည် စွမ်းအင်နဲ့ ဟိုက်ဒရိုဂျင်ကို အသုံးပြုကာ နိုင်ငံပေါင်း ၂၅ ခုကျော်ကို ရက် ၂၀ ကြာ မရပ်မနား ပျံသန်းမှာပါ။ ၂၀၂၆ ခုနှစ်မှာ ပျံသန်းမှာ ဖြစ်ပြီး တီထွင်သူတွေက နေရောင်ခြည်နဲ့ ဟိုက်ဒရိုဂျင်ကိုပဲ အသုံးပြုထားတဲ့ အတွက် လေယာဉ်ဟာ အသံဆူညံမှု မရှိ၊ လောင်စာဆီ သုံးခြင်းမရှိ၊ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘူးလို့ ပြောပါတယ်။

Solar-powered airship will circle the world non-stop without fuel

Solar Airship One ဟာ ၁၅၁ မီတာ (၄၉၅ ပေ) ရှည်လျားပြီး လေယာဉ်အထက်မှာ ၄,၈၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ Solar Panel တွေ တပ်ဆင်ထားမှာပါ။ လေယာဉ်ဟာ နေ့ဘက်မှာ နေရောင်ခြည် စွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲကာ မောင်းနှင်မှာ ဖြစ်ပြီး ညဘက်မှာ မောင်းနှင်ဖို့ စွမ်းအင်တွေကို သိုလှောင်ထားမှာပါ။ ညဘက်မှာ ဟိုက်ဒရိုဂျင်က Fuel Cell ကို မောင်းနှင်ကာ ဆက်လက် ပျံသန်းမှာပါ။

အဲဒီ ခရီးစဉ်ဟာ ရက် ၂၀ အတွင်း ၄၀,၀၀၀ ကီလိုမီတာ (၂၄,၈၅၄ မိုင်)ကို ပျံသန်းမှာပါ။ အမြန်နှုန်းက ၁ နာရီကို ၈၃ ကီလိုမီတာ( ၁ နာရီကို ၅၂ မိုင်) ဖြစ်ပြီး သာမာန် လေယာဉ်တွေထက် နှေးပေမယ့် အားသာချက်က ပြေးလမ်း မလိုဘဲ ပျံသန်းနိုင်၊ ရပ်နားနိုင်မှာပါ။

Euro Airship က ၂၀၂၄ ခုနှစ်မှာ Solar Airship One ကို စတင် တည်ဆောက်မှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ခရီးစဉ်ကို စတင် ပျံသန်းမှာပါ။

Ref : inceptivemind