Las Vegas မှာ ကျင်းပနေတဲ့ CES 2026 ပွဲမှာ Jackery က အမိုက်စား စက်ရုပ်လေး တစ်ကောင်ကို ပြသလိုက်ပါတယ်။ သူက ရိုးရိုး Power Bank အကြီးစားကြီး မဟုတ်ပါဘူး။ ကိုယ့်နောက်ကို တကောက်ကောက်လိုက်ပြီး လိုအပ်တဲ့ လျှပ်စစ်မီး လိုက်ဖြည့်ပေးမယ့် စက်ရုပ် “ဘတ္တလာ” (Robot Butler) လေး ဖြစ်ပါတယ်။

Solar Mars Bot: New solar-powered robot acts as a personal butler, charges  electronics, and attracts attention at CES 2026 - CPG Click Petróleo e Gás

ဒီ Solar Mars Bot ရဲ့ အကြမ်းဆုံးအချက်ကတော့ “နေရောင်ခြည်ကို မျက်ခြေမပြတ် လိုက်ရှာနိုင်တာ” ပါပဲ။ ပုံမှန် ဆိုလာပြားတွေလို တစ်နေရာတည်း အသေတပ်ထားပြီး နေရောင်ပျောက်သွားရင် ထိုင်စောင့်နေစရာ မလိုပါဘူး။ AI နည်းပညာ ပါဝင်တဲ့အတွက် အိမ်ခြံဝင်းထဲမှာပဲဖြစ်ဖြစ်၊ တောထဲမှာပဲဖြစ်ဖြစ် နေရောင်အကောင်းဆုံးရမယ့် နေရာကို သူ့ဘာသာ လှည့်လည်ရှာဖွေပြီး အားသွင်းနိုင်ပါတယ်။ ဥပမာ- သစ်ပင်ရိပ်ကျလာရင် နေပူတဲ့နေရာကို သူ့ဘာသာ ရွှေ့သွားမှာပါ။

A Solar Charger Followed Me Around Like a Cute Little Power Puppy - CNET

အတောင်ပံလို ခေါက်သိမ်းထားတဲ့ ဆိုလာပြားတွေကို ဖြန့်လိုက်မယ်ဆိုရင် 600 watts အထိ စွမ်းအင်ထုတ်ပေးနိုင်ပါတယ်။ စခန်းချခရီးထွက်တာပဲဖြစ်ဖြစ်၊ အိမ်မှာ မီးပျက်တာပဲဖြစ်ဖြစ် လိုအပ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ဒီစက်ရုပ်က တရွေ့ရွေ့ လိုက်လံအားသွင်းပေးနေမှာပါ။

ရာသီဥတုဒဏ် ခံနိုင်အောင် ဖန်တီးထားပြီး 4G/5G ကွန်ရက်နဲ့ ချိတ်ဆက်ထားလို့ ကိုယ့်ဖုန်းထဲက App ကနေတဆင့် စက်ရုပ် ဘယ်ရောက်နေလဲ၊ ဘက်ထရီ ဘယ်လောက်ကျန်လဲဆိုတာကို လှမ်းကြည့်လို့ရပါသေးတယ်။ ဒါကြောင့် Solar Mars Bot ဟာ နေရောင်ရှိရင် အလိုလို အားပြည့်နေမယ့် အနာဂတ်ရဲ့ ခရီးဆောင် မီးစက်ပုံစံသစ် ဖြစ်လာဖို့ ရှိနေပါတယ်။

Ref : gizmochina