ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကတော့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေပြီ ဖြစ်ပြီး ကမ္ဘာအဝန်းက ဘောလုံး ပရိတ်သတ်တွေ အထူး စောင့်ကြည့်နေတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အဲဒီ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ နည်းပညာနဲ့ မကင်းဘဲ ဆန်ဆာပါတဲ့ နည်းပညာမြင့် ဘောလုံးတွေ၊ ကစားသမားနဲ့ ပွဲကြည့်ပရိတ်သတ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်တဲ့ ကင်မရာထောင်ပေါင်းများစွာ အပါအဝင် နည်းပညာတွေကို အသုံးပြုနေပါတယ်။

Al Rihla following famous line of World Cup balls

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ တရားဝင် ဘောလုံးကို Adidas က ထုတ်လုပ်ပေးထားပြီး လှုပ်ရှားမှုကို ခြေရာခံတဲ့ ဆန်ဆာတွေကို ဘောလုံးထဲမှာ ထည့်သွင်းထားပါတယ်။ ဆန်ဆာတွေက ဘောလုံးရဲ့ တည်နေရာ အတိအကျ ဒေတာတွေကို ၁ စက္ကန့်လျှင် အကြိမ် ၅၀၀ ပေးပို့နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီအတွက် ဒိုင်လူကြီးတွေက ဘောလုံးဟာ စည်းကျော်၊ မကျော်၊ ဂိုး ဝင်၊ မဝင် တိတိကျကျ ဆုံးဖြတ်နိုင်ပါတယ်။

2022 FIFA World Cup will feature ball with tracking device, 'semi-automated offside technology' and fans are already ... not a fan | wfaa.com

အဲဒီ ဆန်ဆာပါတဲ့ ဘောလုံးကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မတိုင်ခင် ကျင်းပတဲ့ 2021 FIFA Club World Cup အပါအဝင် ဘောလုံးပြိုင်ပွဲတွေမှာ ကြိုတင်စမ်းသပ်ပြီးပြီ ဖြစ်ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်စေဘူးလို့ Adidas က ပြောပါတယ်။

အဲဒီ ဘောလုံးကို အခု ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ၆၄ ပွဲမှာ အသုံးပြုမှာ ဖြစ်ပြီး ဘောလုံးရဲ့ တည်နေရာ ဒေတာတွေကို ဒေတာစင်တာတွေကို ပေးပို့မှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက အဲဒီ ဒေတာတွေကို အသုံးပြုကာ ဘောလုံးပြိုင်ပွဲကို စောင့်ကြည့်နေကြပါတယ်။

Ref : Washingtonpost