Tesla CEO Elon Musk က ကုမ္ပဏီ အစည်းအဝေးမှာ X လူမှုကွန်ရက် ပလက်ဖောင်းအတွက် အံ့အားသင့်စရာ အစီအစဉ်တွေကို ပြောကြားခဲ့ပါတယ်။ Tinder နဲ့ Bumble တို့ကို ယှဉ်ပြိုင်ဖို့ Musk က X ကို ရည်းစားရှာတဲ့ App နဲ့ ဒစ်ဂျစ်တယ် ဘဏ် အဖြစ် ၂၀၂၄ ခုနှစ်မှာ အသွင်ပြောင်းမယ်လို့ ပြောပါတယ်။

Elon Musk feels there are no great social networks right now, says X might fail but they will try - India Today

Musk ဟာ X (Twitter) ကို ဝယ်ယူပြီး ၁ နှစ်အကြာမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ X ပလက်ဖောင်းရဲ့ ဝန်ဆောင်မှု ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် Musk ဟာ X ကို ရည်းစားရှာတဲ့ App အဖြစ် ပြောင်းလဲမယ့် အသေးစိတ် သတင်းအချက်အလက်တွေကို မပြောခဲ့ပါဘူး။

Elon Musk says X to have two new premium tiers - BBC News

အစည်းအဝေးမှာ ပါတဲ့ လူတချို့က Musk ဟာ ရည်းစားရှာတဲ့ App အများစုမှာလို အခပေးတဲ့ လုပ်ဆောင်ချက်တွေကို X မှာ ထည့်သွင်းချင်တာလို့ ပြောပါတယ်။ Musk ဟာ X မှာ ပြည့်စုံတဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ထည့်သွင်းပေးချင်ခဲ့တာ ဟိုးအရင်ကတည်းကလို့ သိရပါတယ်။

X ဟာ အမေရိကန်မှာ ဘဏ်နဲ့ ငွေလွှဲတဲ့ ဝန်ဆောင်မှုအတွက် လိုင်စင်ရယူဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာ X ဟာ ပြည်နယ် ၉ ခုမှာ လိုင်စင်ရထားပြီးပါပြီ။ Musk ဟာ X ကို ဘက်စုံသုံးလို့ရတဲ့ Everything App အဖြစ် ဖန်တီးချင်နေတာကို အတည်ပြုထားပြီးပါပြီ။

Ref : Benzinga