TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance က သူ့ရဲ့ ဝန်ထမ်းတွေဟာ သတင်းထောက်တွေရဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ သတင်းဆိုးနဲ့ နာမည်ကြီးနေတဲ့ လူမှုကွန်ရက်ရဲ့နောက်ကွယ်က တရုတ်ကုမ္ပဏီဟာ ပြဿနာတောထဲကို ထပ်ပြီးတိုးဝင်နေတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စမှာ ဖောက်ဖျက်မှုပြုလုပ်ခဲ့တဲ့အတွက် တာဝန်ရှိတဲ့ဝန်ထမ်းတွေကို အလုပ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့လည်း The New York Times က ဖော်ပြခဲ့ပါတယ်။ ဒီပြဿနာကို ၂၀၂၂ ခုနှစ်ဇွန်လမှာ BuzzFeed News က ပထမဆုံး ဖော်ပြအစီရင်ခံခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအခြေစိုက် ByteDance ဝန်ထမ်းတွေက အမေရိကန်ပြည်ထောင်စုက TikTok အသုံးပြုသူတွေရဲ့ Nonpublic data တွေကို ဝင်ရောက်အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

အခုပေါ်ပေါက်လာတဲ့ ထုတ်ဖော်မှုဟာ ByteDance က ငြင်းဆိုထားတဲ့ ထုတ်ပြန်ချက်တွေကို ထိခိုက်စေပြီး TikTok ရဲ့ ဂုဏ်သတင်းကိုလည်း ပိုပြီး ထိခိုက်စေပါတယ်။ အမေရိကန်မှာတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် Government-issued devices တွေမှာ ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ဖြစ်ရပ်က Forbes ဂျာနယ်လစ် သုံးယောက်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သတင်းပေါက်ကြားစေတဲ့ ဝန်ထမ်းတွေကိုဖော်ထုတ်ဖို့ ကုမ္ပဏီရဲ့ Chief Security and Privacy Office က “Project Raven” လို့ ခေါ်တဲ့ ပရောဂျက်တစ်ခုကို ပြုလုပ်ခဲ့တယ်လို့ Forbes ဂျာနယ်လစ်တွေက ဆိုပါတယ်။

“Project Raven” ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ အတွင်းသတင်းပေါက်ကြားစေသူတွေကို ရှာဖွေဖို့၊ ဒါမှမဟုတ် ကုမ္ပဏီကအတည်ပြုဖို့ သူလျှိုလုပ်တဲ့ ကိရိယာ တစ်ခုခုဟုတ်၊ မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် TikTok ဟာ အမေရိကန်ပြည်ထောင်စုမှာ ပိတ်ပင်ခံရနိုင်တဲ့ အလားအလာဆိုးတစ်ခုနဲ့ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

Ref: Phone Arena