TikTok ပရိသတ်တွေအတွက် ရင်တမမ ဖြစ်စရာ နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ။ အမေရိကန်မှာ TikTok ကို ပိတ်ပင်မယ့် ရက်သတ်မှတ်ချက် မတိုင်ခင်လေးမှာပဲ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေနဲ့ လက်ဝါးချင်းရိုက်ပြီး သဘောတူညီမှု ရယူနိုင်ခဲ့လို့ပါပဲ။

ဒီသဘောတူညီချက်အရ အရင်ပိုင်ရှင် ByteDance ဟာ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကိုသာ ဆက်လက်ပိုင်ဆိုင်တော့မှာပါ။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကြီးများတောင် Oracle ၊ Silver Lake နဲ့ MGX အပါအဝင် အမေရိကန် ကုမ္ပဏီကြီးတွေလက်ထဲ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပြောရရင်တော့ TikTok ဟာ အမေရိကန် အငွေ့အသက် အပြည့်ပါသွားပါပြီ။

အမေရိကန် အသုံးပြုသူတွေရဲ့ အချက်အလက်တွေ လုံခြုံပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကိုလည်း ဒီပွဲမှာ အဓိက ကစားမယ့် Oracle ကုမ္ပဏီက တာဝန်ယူ ဖြေရှင်းပေးမှာပါ။ Data တွေရော၊ Algorithm တွေကိုပါ အမေရိကန် ဆာဗာတွေပေါ်မှာပဲ ထားရှိပြီး အကြောင်းအရာတွေကိုပါ စောင့်ကြည့်စစ်ဆေးသွားမှာ ဖြစ်လို့ စိတ်ချရတဲ့ အနေအထားပါ။
နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ဒီသဘောတူညီချက်ထဲမှာ လူကြိုက်များတဲ့ CapCut နဲ့ Lemon8 တို့လည်း ပါဝင်နေတာပါပဲ။ ဒါကြောင့် ဒီ App တွေကို သုံးနေသူတွေအနေနဲ့လည်း စိတ်ပူစရာ မလိုတော့ပါဘူး။ လုပ်ငန်းကို ဦးစီးမယ့် ဘုတ်အဖွဲ့ဝင် ၇ ဦးမှာလည်း TikTok CEO အပါအဝင် အမေရိကန်တွေက အများစု ပါဝင်လာတာကြောင့် TikTok ရဲ့ အနာဂတ်ကတော့ အမေရိကန်မြေပေါ်မှာ ခိုင်မာသွားပြီလို့ ဆိုရမှာပါ။
Ref : gsmarena