ပြီးခဲ့တဲ့ရက်က PUBG ဟာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး အိန္ဒိယဈေးကွက်ထဲကို ပြန်လာဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အခု ထပ်ပြီးသတင်းထွက်လာတာက TikTok ဖြစ်ပါတယ်။ ဒီဖျော်ဖြေရေးပလက်ဖောင်းကလည်း ဒေသတွင်းစည်းမျဉ်းစည်းကမ်းတွေနဲ့ကိုက်ညီအောင်ပြုပြင်ပြီး အိန္ဒိယဆီ တစ်ကျော့ပြန်လာဖို့ ကြိုးစားနေတာပါ။

TikTok India ရဲ့ အကြီးအကဲ Nikhil Gandhi က “ကောင်းမွန်တဲ့ရလဒ်ထွက်ပေါ်လာဖို့” အကောင်းဘက်ကနေ မျှော်လင့်ထားကြောင်း သူ့ရဲ့ဝန်ထမ်းတွေကို email ကတစ်ဆင့် သတင်းစကားပါးလိုက်တာပါ။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ TikTok ကို အိန္ဒိယနိုင်ငံမှာ လုပ်ငန်းပြန်စနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေကြောင်းလည်း အခိုင်အမာပြောဆိုခဲ့ပါသေးတယ်။

Nikhil Gandhi ရဲ့ email မှာ ကုမ္ပဏီအနေနဲ့ Data privacy နဲ့ လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေပါဝင်တဲ့ ဒေသဆိုင်ရာဥပဒေတွေကိုလိုက်နာဖို့ ကတိကဝတ်ပြုထားကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။ ကုမ္ပဏီအနေနဲ့ အိန္ဒိယအစိုးရရဲ့ စိုးရိမ်မှုတွေအတွက် ရှင်းလင်းပြောဆိုထားရုံသာမက၊ အနာဂတ်မှာလည်း ပိုမိုပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ဖော်ပြထားပါတယ်။

ByteDance Ltd. အနေနဲ့ TikTok နဲ့ Helo operations အတွက်ခန့်အပ်ထားတဲ့ ဝန်ထမ်းဦးရေ ၂၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ အိန္ဒိယ အပါအဝင် အမေရိကန်၊ ပါကစ္စတန်တို့မှာ ပိတ်ပင်ခြင်းခံထားရတဲ့နောက် ByteDance ဟာ အမေရိကန်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Oracle (ရှယ်ယာ ၁၂.၅%) နဲ့ Walmart (ရှယ်ရာ ၇.၅%) ပူးပေါင်းပိုင်ဆိုင်မှုနဲ့အတူ TikTok Global ကိုတည်ထောင်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒါကြောင့် TikTok ရဲ့ အိန္ဒိယအပြန်ခရီးက ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရပါလိမ့်မယ်။

Ref: Gizmochina