ထရမ့် အစိုးရဟာ TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့ ညွှန်ကြားလိုက်ပြီးနောက်မှာ TikTok က ထရမ့် အစိုးရကို  ဒီလ ၁၁ ရက်နေ့မှာ တရားစွဲတော့မှာ ဖြစ်ပါတယ်။ US District Court for the Southern District of California မှာ အမှုဖွင့်မှာ ဖြစ်ပြီး အဲဒီမှာ TikTok ရဲ့ ရုံး တည်ရှိပါတယ်။ TikTok က “ သမ္မတဟာ ကုမ္ပဏီကို ဖြေရှင်းဖို့ အခွင့်အရေး မပေးခဲ့တဲ့အတွက် တရားမျှတမှု မရှိပါဘူး။ ဒါ့အပြင် အမေရိကန်အစိုးရရဲ့ စွပ်စွဲချက်တွေဟာ သက်သေ အထောက်အထား မရှိပါဘူး။ “ လို့ ပြောပါတယ်။

ByteDance ပိုင်တဲ့ TikTok ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ အမေရိကန် အစိုးရရဲ့ လုပ်ရပ်ကို အံ့အားသင့်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန် တရားရုံးမှာ အမှုဖွင့်တာ အပါအဝင် လုပ်လို့ရနိုင်တဲ့ အခွင့်အလမ်း အားလုံးကို လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။ Twitter ဟာ TikTok ကို ဝယ်ယူဖို့ ကမ်းလှမ်းနေတာ တော်တော်ကြာပြီဆိုတဲ့ သတင်းတွေ ထွက်နေပြီး Twitter ကသာ TikTok ရဲ့ အမေရိကန် လုပ်ငန်းကို ဝယ်ယူနိုင်ခဲ့ရင် ထရမ့် အစိုးရနဲ့ အဆင်ပြေသွားမလား ဆိုတာ စိတ်ဝင်စားစရာပါ။

ထရမ့်ဟာ   TikTok , Tencent Holding ရဲ့ WeChat App တို့ကို အမေရိကန်မှာ ပိတ်ပင်ဖို့ အမိန့်ကို မကြာခင်က လက်မှတ် ရေးထိုးခဲ့ပါတယ်။ ထရမ့် အစိုးရဟာ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်မှာ တရုတ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို အရှိန်မြှင့်တင်နေပါတယ်။ ဒါပေမယ့် အမေရိကန်က သန်းပေါင်းများစွာ ရှိတဲ့ TikTok သုံးစွဲသူတွေကတော့ စိတ်မကျေနပ် ဖြစ်နေကြမှာပါ။ အထူးသဖြင့် TikTok ကနေ ငွေရှာနေသူတွေ ထိခိုက်သွားနိုင်ပါတယ်။

Ref : gizmochina