[Unicode]

ဆိုက်ဘာလုံခြုံရေး သုတေသနကုမ္ပဏီဖြစ်တဲ့ Check Point Research ဟာ ဗီဒီယိုမျှဝေတဲ့ TikTok app မှာ လုံခြုံရေးအားနည်းချက် များစွာကို တွေ့ရှိရတယ်လို့ ပြောဆိုလိုက်ပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီပိုင် ဒီဆိုရှယ် App ဟာ လုံခြုံမှုကင်းမဲ့တဲ့အခြေအနေတွေ ပိုပြီးတော့တိုးပွားလာနေတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

Check Point Research ရဲ့ ဖော်ပြချက်အရ ပြဿနာပေါင်းများစွာအနက် အပြောင်အပျက် မက်ဆေ့ချ်စာသားတွေ TikTok မှာပေါ်ပေါက်လာအောင် ပြုလုပ်နိုင်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ TikTok ကတော့ Check Point ရဲ့ သုတေသနရလဒ်တွေကို လေ့လာသိရှိပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက အားနည်းချက်တွေအားလုံးကို ပြုပြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် အားနည်းချက်တွေက ဆက်ပြီးကျန်ရှိနေတုန်းလို့ ဆိုပါတယ်။ အထူးသဖြင့် တိုက်ခိုက်မယ့်သူတွေက အသုံးပြုသူတွေဆီကို အန္တရာယ်ရှိတဲ့ Link ပါဝင်တဲ့ မက်ဆေ့ချ်တွေ ပို့ခွင့်ပြုထားတာက အဓိက အားနည်းချက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အသုံးပြုသူက အန္တရာယ် Link ကို နှိပ်မိတဲ့အခါ တိုက်ခိုက်သူက အလွယ်တကူပဲ ဝင်ရောက်နိုင်ပြီး အကောင့်ကို ထိန်းချုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။

TikTok ရဲ့ လုံခြုံရေးဌာနအကြီးအကဲ Luke Deshotels ကတော့ “ကုမ္ပဏီအနေနဲ့ အသုံးပြုသူအချက်အလက်တွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကတိကဝတ်ထားရှိကြောင်း၊ သုတေသနအဖွဲ့အစည်းတွေအနေနဲ့လည်း ဆက်လက်ရှာဖွေဖော်ထုတ်ပေးဖို့ တိုက်တွန်းကြောင်း၊ TikTok ကို နောက်ဆုံးထွက်ဗားရှင်းမှာ ပိုပြီးကောင်းမွန်အောင်ပြင်ဆင်ထားကြောင်း” ကြေညာချက်မှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Ref: Gizmochina

[Zawgyi]

အႏၲရာယ္ရွိ Link ေတြ ပို႔ခြင့္ျပဳတဲ့ TikTok ရဲ႕ အဓိကအားနည္းခ်က္ေၾကာင့္ အသုံးျပဳသူမ်ား အလြယ္တကူ Hack ခံရႏိုင္

ဆိုက္ဘာလုံၿခဳံေရး သုေတသနကုမၸဏီျဖစ္တဲ့ Check Point Research ဟာ ဗီဒီယိုမွ်ေဝတဲ့ TikTok app မွာ လုံၿခဳံေရးအားနည္းခ်က္ မ်ားစြာကို ေတြ႕ရွိရတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ တ႐ုတ္အေျခစိုက္ကုမၸဏီပိုင္ ဒီဆိုရွယ္ App ဟာ လုံၿခဳံမႈကင္းမဲ့တဲ့အေျခအေနေတြ ပိုၿပီးေတာ့တိုးပြားလာေနတယ္လို႔လည္း စြပ္စြဲေျပာဆိုခဲ့ပါတယ္။

Check Point Research ရဲ႕ ေဖာ္ျပခ်က္အရ ျပႆနာေပါင္းမ်ားစြာအနက္ အေျပာင္အပ်က္ မက္ေဆ့ခ်္စာသားေတြ TikTok မွာေပၚေပါက္လာေအာင္ ျပဳလုပ္ႏိုင္တယ္ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။ TikTok ကေတာ့ Check Point ရဲ႕ သုေတသနရလဒ္ေတြကို ေလ့လာသိရွိၿပီး ဒီဇင္ဘာလ ၁၅ ရက္ေန႔ကတည္းက အားနည္းခ်က္ေတြအားလုံးကို ျပဳျပင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္ အားနည္းခ်က္ေတြက ဆက္ၿပီးက်န္ရွိေနတုန္းလို႔ ဆိုပါတယ္။ အထူးသျဖင့္ တိုက္ခိုက္မယ့္သူေတြက အသုံးျပဳသူေတြဆီကို အႏၲရာယ္ရွိတဲ့ Link ပါဝင္တဲ့ မက္ေဆ့ခ်္ေတြ ပို႔ခြင့္ျပဳထားတာက အဓိက အားနည္းခ်က္လည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ အသုံးျပဳသူက အႏၲရာယ္ Link ကို ႏွိပ္မိတဲ့အခါ တိုက္ခိုက္သူက အလြယ္တကူပဲ ဝင္ေရာက္ႏိုင္ၿပီး အေကာင့္ကို ထိန္းခ်ဳပ္သြားႏိုင္တယ္လို႔ ဆိုပါတယ္။

TikTok ရဲ႕ လုံၿခဳံေရးဌာနအႀကီးအကဲ Luke Deshotels ကေတာ့ “ကုမၸဏီအေနနဲ႔ အသုံးျပဳသူအခ်က္အလက္ေတြရဲ႕ လုံၿခဳံေရးကို ကာကြယ္ဖို႔ ကတိကဝတ္ထားရွိေၾကာင္း၊ သုေတသနအဖြဲ႕အစည္းေတြအေနနဲ႔လည္း ဆက္လက္ရွာေဖြေဖာ္ထုတ္ေပးဖို႔ တိုက္တြန္းေၾကာင္း၊ TikTok ကို ေနာက္ဆုံးထြက္ဗားရွင္းမွာ ပိုၿပီးေကာင္းမြန္ေအာင္ျပင္ဆင္ထားေၾကာင္း” ေၾကညာခ်က္မွာ ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။

Ref: Gizmochina