TikTok ဟာ YouTube ကို ယှဉ်ဖိုက်ဖို့ ၆၀ မိနစ် ဗီဒီယိုတွေ Upload လုပ်တာကို စမ်းသပ်နေပါတယ်။ ဒီ Feature ကို လက်ရှိမှာ နိုင်ငံတချို့မှ User အနည်းငယ်မှာပဲ အသုံးပြုနိုင်ပါသေးတယ်။

TikTok wants to be YouTube now, tests 60-minute video uploads

မကြာခင်မှာ ပိုမိုတိုးချဲ့ဖြန့်ချိသွားဖို့ အစီအစဉ် မရှိသေးပါဘူး။ အိုင်ဒီယာက ရှင်းပါတယ်။ ဗီဒီယို အရှည်တွေတင်ခွင့်ပေးရင် YouTube Viewer တွေကို စွဲဆောင်နိုင်မှာပါ။

TikTok: What It Is, How It Works, and Why It's Popular

အစပိုင်းမှာ TikTok ဟာ ၁၅ မိနစ် ဗီဒီယိုတွေပဲ တင်ခွင့်ပေးခဲ့တာပါ။ ( အစပိုင်း YouTube တုန်းကနဲ့တူပါတယ်။ ) အဲဒီနောက် ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ ဗီဒီယို အရှည်တွေကို တိုးမြှင့်တင်ခွင့်ပေးခဲ့ပါတယ်။ TikTok က ဟင်းချက်နည်း၊ အလှပြင်နည်း၊ စာသင်ခြင်း၊ ဟာသ တို့လို Content တွေအတွက် ဗီဒီယို အရှည်ကို တိုးမြှင့်ပေးဖို့ Creator တွေရဲ့ တောင်းဆိုမှုကို ကြားသိခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဗီဒီယို အရှည်ကို တိုးမြှင့်ပေးခဲ့ရတာလို့ ပြောပါတယ်။

TikTok က ဗီဒီယို အရှည်မှာမှ ရိုက်ကူးလို့ရနိုင်တဲ့ Content အမျိုးအစားတွေအတွက် အခုလို ပြုလုပ်ပေးတာလို့ ပြောပါတယ်။ TikTok ဟာ YouTube ကို ယှဉ်ပြိုင်ဖို့အတွက် အလျားလိုက် Full Screen Mode ကိုလည်း စမ်းသပ်နေပါတယ်။

Ref : gsmarena