နာမည်ကျော် ဗီဒီယို App ဖြစ်တဲ့ TikTok ဟာ အမေရိကန် သမ္မတ ထရမ့်ရဲ့ ပိတ်ပင်မှုကြောင့် တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ ဒီလ အစောပိုင်းမှာ ထရမ့်က စက်တင်ဘာလလယ်ပြီးနောက်မှာ TikTok ကို အမေရိကန်မှာ မသုံးရတော့ဘူးလို့ အမိန့်ထုတ်ခဲ့ပါတယ်။ TikTok ကို ဝယ်ချင်နေတဲ့ Microsoft နဲ့ Oracle တို့ဟာလည်း ၄၅ ရက်အထိပဲ အချိန်ရတော့မှာပါ။

TikTok က “ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် အစိုးရနဲ့ ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန် အစိုးရက ဂရုမစိုက်ခဲ့ပါဘူး။ TikTok  ကုမ္ပဏီနဲ့သုံးစွဲသူတွေအပေါ် တရားမျှတမှု မရှိပါဘူး။ အဲဒီအတွက် ထရမ့် အစိုးရကို တရားစွဲဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ “ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

TikTok တင်မကဘဲ အမေရိကန်ရဲ့ပိတ်ပင်မှု ခံရနိုင်တဲ့ WeChat သုံးစွဲသူတွေဟာလည်း ဆန်ဖရန်စစ္စကိုက တရားရုံးမှာ တရားစွဲထားပါတယ်။ WeChat Users Alliance အမည်ရ အဖွဲ့က ထရမ့်ရဲ့ အမိန့်ဟာ ကုမ္ပဏီတွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။

ထရမ့် အစိုးရက TikTok ဟာ အမေရိကန်တွေရဲ့ ဒေတာတွေကို ခိုးယူပြီး တရုတ်ကို ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။ TikTok ရဲ့ မိခင် ကုမ္ပဏီ Bytedance က အဲဒီ စွပ်စွဲမှုကို အခါခါ ငြင်းဆိုထားပါတယ်။ အမေရိကန်မှာ TikTok သုံးစွဲသူဟာ သန်း ၈၀ ကျော်ရှိတဲ့အတွက် ကုမ္ပဏီရဲ့ ဈေးကွက်ကြီး ၁ ခု ဖြစ်ပါတယ်။ TikTok ကို ဇွန်လမှာ အိန္ဒိယက မပိတ်ပင်ခင်မှာ သုံးစွဲသူ သန်း ၂၀၀ ကျော်တောင် ရှိခဲ့ပါတယ်။

Ref : tnw