Apple CEO Tim Cook က ကုမ္ပဏီဟာ ဒီနှစ်နှောင်းပိုင်းမှာ Generative AI လုပ်ဆောင်ချက်တွေကို မိတ်ဆက်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

Tim-Cook

Tim Cook က “ ကျွန်တော်တို့ဟာ အနာဂတ်ကို ပုံဖော်မယ့် AI နဲ့ တခြား နည်းပညာတွေမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ AI နည်းပညာအတွက် အချိန်နဲ့ ငွေကြေးများစွာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ AI လုပ်ဆောင်ချက်တွေကို မိတ်ဆက်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်။ “ လို့ ပြောပါတယ်။

Tim Cook Confirms Apple's Generative AI Features Arrival Later This Year

မကြာခင်က Bloomberg ရဲ့ Mark Gurman က iOS 18 Update မှာ AI လုပ်ဆောင်ချက်တွေ ပါလာမှာ ဖြစ်ပြီး iOS သမိုင်းမှာ အကြီးမားဆုံး တိုးတက်မှုဖြစ်လာမယ်လို့ ပြောပါတယ်။

Google နဲ့ Samsung တို့လို ထိပ်တန်း ကုမ္ပဏီတွေဟာ ထူးခြားဆန်းသစ်တဲ့ AI လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးလာကြပါတယ်။ Apple ကလည်း AI နယ်ပယ်မှာ နောက်မကျအောင် ကြိုးစားနေပါတယ်။ အခုတော့ Apple CEO Tim Cook က Apple ထုတ်ကုန်တွေမှာ AI ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Apple ဟာ Generative AI စွမ်းရည် ပါတဲ့ Siri 2.0 လို့ အမည်ပေးထားတဲ့ ပိုမို ဉာဏ်ရည်မြင့်မားတဲ့ Siri Version ၁ မျိုးကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် Apple Music မှာ သီချင်းတွေ အကြံပြုတာ ပိုကောင်းအောင်နဲ့ Messages မှာ စမတ်ကျတဲ့ စာတွေ ပြန်နိုင်အောင် AI ထည့်သွင်းမယ်လို့ သတင်းပေါက်ကြားနေပါတယ်။ Apple ဟာ iOS, iPadOS နဲ့ macOS အပါအဝင် ဆော့ဖ်ဝဲ ပလက်ဖောင်း အားလုံးမှာ AI ထည့်သွင်းလာနိုင်ပါတယ်။

Ref : gizmochina