Apple CEO Tim Cook က Vision Pro အပေါ် လူတွေရဲ့ စိတ်ခံစားမှုကို မကြာခင်က ပြောခဲ့ပါတယ်။ သူက တွစ်တာမှာ Vision Pro ရဲ့ visionOS Operating System အတွက် Design & Art Directors Association (D&AD) ရဲ့ Black Pencil Award ရတဲ့ Apple Desing Team ရဲ့ အောင်မြင်မှုကို ချီးကျူးလိုက်ပါတယ်။

Apple Vision Pro

Cook က Vision Pro ကို ပထမဆုံးအကြိမ် သုံးဖူးသူတွေဟာ ရင်ခုန်စိတ်လှုပ်ရှားကြတယ်လို့ ပြောပါတယ်။ သူက ဒါဟာ Apple Design Team ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားမှု ရလဒ် ဖြစ်တယ်လို့ ပြောပါတယ်။

A Kodak déjà vu': Apple's Vision Pro is yet to find its killer app–and it could spell trouble for Tim Cook's risky bet | Fortune

Vision Pro ရဲ့ micro-OLED Display နဲ့ လက်၊ မျက်လုံး ခြေရာခံ စနစ်ဟာ XR နယ်ပယ်မှာ စံနှုန်း အသစ်  တင်နိုင်ခဲ့ပါတယ်။ User တွေဟာ သုံးချင်တာကို မျက်လုံးနဲ့ ကြည့်လိုက်တာနဲ့ သုံးနိုင်ပါတယ်။ လက်ဟန် ခြေဟန်နဲ့လည်း visionOS ကို ခိုင်းစေနိုင်ပါတယ်။

၂၀၁၁ ခုနှစ်မှာ iPad ပြီးနောက် Vision Pro ဟာ UK Design and Art Directors Awards (D&AD) ရဲ့ Black Pencil Award ရတဲ့ Apple ရဲ့ ပထမဆုံး ထုတ်ကုန် ဖြစ်လာပါတယ်။ Tim Cook ရဲ့ Apple CEO သမိုင်းမှာ ပထမဆုံး အကြိမ် ရရှိတာ ဖြစ်ပါတယ်။

Ref : gizchina