OnePlus 9 နဲ့ 9 Pro ရဲ့ ပေါက်ကြားဓါတ်ပုံတွေအရ Periscope Lens မပါလာနိုင်ပါဘူး။ နာမည်ကျော် Tipster Digital Chat Station ကလည်း ဒီလိုပဲ သတင်းပေးထားပြီး အဲဒီ Lens အစား ရိုးရိုး Telephoto Lens ပဲ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ အခုတော့ Tipster Max Jambor က ဒီသတင်းကို  ပိုမိုခိုင်မာအောင်ပြုလုပ်ပေးလိုက်ပြီး အဲဒီ ဖုန်း ၂ လုံးစလုံးမှာ Periscope Lens မပါလာနိုင်ဘူးလို့ သတင်းပေးလာပါတယ်။

OnePlus 9 Pro render leaked by OnLeaks

ညီနောင် ကုမ္ပဏီ OPPO နဲ့ realme တို့ဟာ Periscope Lens ပါတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ထားကြပေမယ့် OnePlus ဟာ ဒီနည်းပညာကို မသုံးသေးတာ ဘာကြောင့်လဲ မသိပါဘူး။ OnePlus 9 Series မှာ Periscope Lens မပါလာနိုင်ပေမယ့် CEO Pete Lau က နောက်ထုတ်မယ့် စမတ်ဖုန်းတွေမှာ ကင်မရာ ပိုကောင်းအောင် ဖန်တီးဖို့ ဦးစားပေး ပြုလုပ်မယ်လို့ ပြောထားတဲ့အတွက် OnePlus 9 Series မှာ ကင်မရာတွေ တိုးတက်လာမှာ သေချာပါတယ်။

Tipster says OnePlus 9 Pro will come with same water and dust resistance as the predecessor - Gizmochina

OnePlus 9 နဲ့ 9 Pro ကို မတ်လလောက်မှာ ကြေညာနိုင်တယ်လို့ သတင်းထွက်နေပြီး Snapdragon 888 SoC မောင်းနှင်ထားနိုင်ပါတယ်။ 120Hz Refresh Rate ပါမယ့်အတွက် မျက်နှာပြင်တုန့်ပြန်မှု အရမ်းမြန်မှာဖြစ်ပါတယ်။ မျက်နှာပြင် အထက်အလယ်မှာ Punch Hole ထည့်သွင်းထားပြီး IP68 စံနှုန်း၊ NFC ၊ Dual Stereo Speaker တွေ ထောက်ပံ့ထားမှာ ဖြစ်ပြီး 40W Wireless Charging နဲ့ 65W Wired Charging တွေ ပါလာနိုင်ပါတယ်။

OnePlus 9 Lite လည်း ထွက်လာမယ်လို့ သတင်းထွက်နေပြီး Snapdragon 865 SoC မောင်းနှင်ထားမယ်လို့ သိရပါတယ်။

Ref : gsmarena