Google ကနေ Pixel 4a စမတ်ဖုန်းကို ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Pixe 4a စမတ်ဖုန်းဟာ မနှစ်တုန်းက Pixel 3a ဖုန်းထက်တောင် စျေးပိုသက်သာပြီး $349 နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

လာမယ့်နှစ်မကုန်ခင်မှာလည်း Google ကနေ 5G Support ပြုလုပ်တဲ့ Google Pixel 4a (5G) နဲ့ Pixel 5 စမတ်ဖုန်းတွေကို မိတ်ဆက်သွားမယ်လို့ တရားဝင်အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ Google ကိုယ်တိုင်က Pixel 4a (5G) ဖုန်းကို $499 ကနေ စတင်ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပေမယ့် Pixel 5 စျေးနှုန်းကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ Pixel 5 စမတ်ဖုန်းရဲ့ စျေးနှုန်းကိုပါ သိရှိလာရပြီဖြစ်ပြီး $649 ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါက မနှစ်တုန်းက Pixel 4 စမတ်ဖုန်းကို $799 နဲ့ ရောင်းချခဲ့တဲ့အတွက် $150 ခန့် ပိုပြီး သက်သာသွားတာဖြစ်ပါတယ်။

Pixel 5 စမတ်ဖုန်းဟာ 6.01″ 90Hz AMOLED Display ၊ Qualcomm Snapdragon 765G Chipset ၊ RAM 8GB + 128GB Storage နဲ့ 3800mAh Battery တွေပါဝင်မယ်လို့ သိရပါတယ်။ Camera ပိုင်းမှာလည်း 12.2MP Primary Sensor အပြင် Ultrawide Sensor ကိုပါ ပထမဆုံးအနေနဲ့ ထည့်သွင်းလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး $649 နဲ့ Pixel 5 ကို ရောင်းချသွားမယ်ဆိုရင် တခြားသော Android Flagship ဖုန်းတွေထက် စျေးပိုသက်သာမှာဖြစ်သလို စစခြင်း Pixel 1st Gen ဖုန်းရဲ့ ရောင်းစျေးနဲ့ တူညီသွားမှာဖြစ်ပါတယ်။

Ref – Phone Arena