Xiaomi ဟာ နိုင်ငံတကာစျေးကွက်အတွက် Mi 10T နဲ့ Mi 10T Pro ဖုန်းတွေကို လာမယ့်ရက်ပိုင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါဖုန်းတွေဟာ Codename အနေနဲ့ “apollo” နဲ့ “apollopro” ဆိုပြီး ပေးထားတယ်လို့ သိရပါတယ်။

အခုလည်း နောက်ဆုံးရရှိတဲ့သတင်းအရ Xiaomi ဟာ Global စျေးကွက်မှာ Mi 10T Series အနေနဲ့ မိတ်ဆက်မှာဖြစ်ပေမယ့် တရုတ်နိုင်ငံမှာတော့ Redmi Series အနေနဲ့ပဲ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ Mi 10T Series စမတ်ဖုန်းတွေဟာ LCD Display ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Flagship Processor ပါဝင်မှာဖြစ်ပေမယ့် Mi 10 Pro ထက်တော့ ပိုကောင်းမှာမဟုတ်ပါဘူး။ 144Hz အထိ Refresh Rate ကို Support လုပ်နိုင်တဲ့အတွက် Gaming ပိုင်းအတွက်ပါ ရည်ရွယ်သွားမယ်လို့ ယူဆရပါတယ်။

ယခုသတင်းကို Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Redmi Version မှာ Refresh Rate ကို 60Hz ၊ 90Hz ၊ 120Hz နဲ့ 144Hz အထိ စိတ်ကြိုက်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ အဆိုပါ Display ဟာ TCL China Star Optoelectronics Technology ကနေ ရယူထားတာဖြစ်ပြီး MEMC လိုမျိုး Feature တွေကိုလည်း Support ပေးနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Mi 10T Series တွေဟာ တရုတ်နိုင်ငံအတွင်းမှာ Redmi Series အနေနဲ့ မိတ်ဆက်မယ်ဆိုရင် စျေးလည်းပိုသက်သာသွားနိုင်ပါတယ်။

Ref – Gizmo China