Tom Brady ဟာ NFTs (Non-fungible Token) Collection အသစ်ကို ရောင်းချပေးတော့မှာ ဖြစ်ပြီး မိနစ်ပိုင်းအတွင်း ရောင်းထွက်သွားမယ်လို့ ထင်ရပါတယ်။ Super Bowl ချန်ပီယံ ၇ ကြိမ်ရထားတဲ့ အမေရိကန် ဘောလုံး အားကစားသမားဟာ Live Forever : The Tom Brady Origins Collection ကို ရောင်းချမှာ ဖြစ်ပြီး သူ့ရဲ့ အားကစားသမားဘဝအကြောင်းကို အသားပေး ဖော်ပြထားတဲ့ NFTs တွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် Resume ၊ အားကစား ဝတ်စုံနဲ့ နာရီတွေ ပါဝင်ပါတယ်။

ဒီနှစ် အစောပိုင်းမှာ Tom Brady ရောင်းချခဲ့တဲ့ Preseason Access Pass ကို ဝယ်ယူထားသူတွေဟာ အခု Collection အသစ်ကို အစောဆုံး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တခြား လူတွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ NFTs တွေကို Tom Brady ပူးတွဲ တည်ထောင်ထားတဲ့ Autograph NFTs ဈေးကွက်ကနေ ရောင်းချပေးမှာ ဖြစ်ပြီး Live Forever : The Tom Brady Origins Collection ထဲမှာ NFTs ပေါင်း ၁၆,၀၀၀ ပါပါတယ်။

Tom Brady ဟာ NFTs နယ်ပယ်ထဲ ဝင်ရောက်လာတဲ့ နာမည်ကြီး အားကစားသမား ဖြစ်ပြိး Autograph က သူ့ အဖွဲ့ဝင်ထဲမှာ Rob Gronkowski, Tiger Woods, Derek Jeter, Naomi Osaka, Tony Hawk, Simone Biles, Usain Bolt နဲ့ Wayne Gretzky တို့ ပါဝင်ပါတယ်။

Ref : foxbusiness