Counterpoint Research က ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာအဝန်းမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း (၁၀) လုံးကို ကြေညာလိုက်ပါတယ်။ စစ်တမ်းအရ Apple နဲ့ Samsung ဟာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။
စမတ်ဖုန်း လောကမှာ Apple ရဲ့ ဩဇာလွှမ်းမိုးမှုကို ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ အခုစာရင်းမှာ Apple iPhone ၃ လုံးဟာ ထိပ်ဆုံး ၃ နေရာကို သိမ်းပိုက်ထားပါတယ်။
၁။ Apple iPhone 14
၂၀၂၂ ခုနှစ် စက်တင်ဘာလက ရောင်းချခဲ့တဲ့ iPhone 14 ဟာ စာရင်းမှာ နံပါတ် ၁ နေရာကို ရထားပြီး Apple ရဲ့ နောက်ဆုံးထုတ် နည်းပညာတွေ ထည့်သွင်းထားပါတယ်။
၂။ Apple iPhone 14 Pro Max
ကင်မရာ စွမ်းရည်နဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးတဲ့ iPhone 14 Pro Max ဟာ နံပါတ် ၂ နေရာကို ရထားပါတယ်။
၃။ Apple iPhone 14 Pro
နံပါတ် ၃ နေရာကို iPhone 14 Pro က ရထားပြီး ဒီဇိုင်းလှပကာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပါလာပါတယ်။
Apple ရဲ့ အဓိက ပြိုင်ဖက် Samsung ဟာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း (၁၀) လုံးစာရင်းမှာ နေရာ ၅ ခု ရထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။
၄။ Samsung Galaxy A14
၅။ Samsung Galaxy A54
၆။ Samsung Galaxy A14 5G
၇။ Samsung Galaxy S23 Ultra
၈။ Samsung Galaxy A04e
၉။ Samsung Galaxy A34
Ref : gizchina