Counterpoint Research က ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာအဝန်းမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း (၁၀) လုံးကို ကြေညာလိုက်ပါတယ်။ စစ်တမ်းအရ Apple နဲ့ Samsung ဟာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

iPhone vs Samsung

စမတ်ဖုန်း လောကမှာ Apple ရဲ့ ဩဇာလွှမ်းမိုးမှုကို ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ အခုစာရင်းမှာ Apple iPhone ၃ လုံးဟာ ထိပ်ဆုံး ၃ နေရာကို သိမ်းပိုက်ထားပါတယ်။

best-selling smartphones

၁။ Apple iPhone  14

၂၀၂၂ ခုနှစ် စက်တင်ဘာလက ရောင်းချခဲ့တဲ့ iPhone  14 ဟာ စာရင်းမှာ နံပါတ် ၁ နေရာကို ရထားပြီး Apple ရဲ့ နောက်ဆုံးထုတ် နည်းပညာတွေ ထည့်သွင်းထားပါတယ်။

၂။ Apple iPhone 14 Pro Max

ကင်မရာ စွမ်းရည်နဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေကြောင့် နာမည်ကြီးတဲ့ iPhone 14 Pro Max ဟာ နံပါတ် ၂ နေရာကို ရထားပါတယ်။

၃။ Apple iPhone 14 Pro

နံပါတ် ၃ နေရာကို iPhone 14 Pro က ရထားပြီး ဒီဇိုင်းလှပကာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပါလာပါတယ်။

Apple ရဲ့ အဓိက ပြိုင်ဖက် Samsung ဟာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း (၁၀) လုံးစာရင်းမှာ နေရာ ၅ ခု ရထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

၄။ Samsung Galaxy A14

၅။ Samsung Galaxy A54

၆။ Samsung Galaxy A14 5G

၇။ Samsung Galaxy S23 Ultra

၈။ Samsung Galaxy A04e

၉။ Samsung Galaxy A34

Ref : gizchina