Toyota က မီနီဗင် လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ Suzuki နဲ့ ပူးပေါင်းလိုက်ပါတယ်။ ကုမ္ပဏီ ၂ ခုဟာ Battery Electric Vehicle (BEV) System ကို ဖန်တီးဖို့ Daihatsu Motor နဲ့လည်း ပူးပေါင်းလိုက်ပါတယ်။ BEV ပလက်ဖောင်းဟာ မီနီဗင် လျှပ်စစ်ကား အသစ်တွေရဲ့ အဓိကကျောရိုး ဖြစ်လာမှာပါ။ Toyota ဟာ လျှပ်စစ်ကား ဈေးကွက်မှာ အောင်မြင်အောင်ကြိုးစားနေပြီး ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံနေပါတယ်။

toyota

Toyota ဟာ BEV နည်းဗျူဟာကို တိုးတက်ဖို့ အရှိန်အဟုန်နဲ့ ကြိုးစားနေပြီး ဒီစီမံကိန်းကို CEO အသစ် Koji Sato က ဦးဆောင်နေပါတယ်။ Toyota ဟာ ၂၀၂၆ ခုနှစ် အရောက်မှာ လျှပ်စစ်ကား အသစ် ၁၀ မျိုးထုတ်လုပ်ဖို့ ရည်မှန်းထားပြီး နှစ်စဉ် ကား အစီးရေ ၁.၅ သန်းဝန်းကျင် ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ Toyota ရဲ့ ပထမဆုံး လျှပ်စစ်ကား ဖြစ်တဲ့ bZ4X ဟာ ထင်ထားသလောက် ရောင်းအား မကောင်းခဲ့ဘဲ အခု နည်းဗျူဟာ အသစ်နဲ့ ရောင်းအားကောင်းဖို့ မျှော်လင့်ထားပါတယ်။ Toyota ရဲ့ ဒုတိယလျှပ်စစ်ကား bZ3 ကို တရုတ်မှာ ပြီးခဲ့တဲ့လက ရောင်းချခဲ့ပြီး BYD နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။ Toyota က bZ FlexSpace နဲ့ Aerodynamic Sports EV အပါအဝင် တခြား လျှပ်စစ်ကားမော်ဒယ်များစွာကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

Suzuki, Daihatsu, Toyota, and CJPT to Introduce Mini-Commercial Electric Van Vehicles in FY2023

BEV ပလက်ဖောင်းကို ၂၀၂၆ ခုနှစ်မှာ စတင် လည်ပတ်ဖို့ ရည်မှန်းထားပြီး Toyota ရဲ့ လျှပ်စစ်ကားတွေ ပိုမိုများပြားလာတော့မှာပါ။ ကုမ္ပဏီက ဒီနည်းပညာဟာ အနာဂတ် လျှပ်စစ်ကားတွေရဲ့ အကွာအဝေးကို ၂ ဆ ပိုများစေမှာ ဖြစ်ပြီး စွမ်းရည်မြင့် ဘက်ထရီတွေ အသုံးပြုလာမယ်လို့ ပြောပါတယ်။ Toyota, Suzuki နဲ့ Daihatsu Motor တို့ဟာ မီနီဗင် လျှပ်စစ်ကား အသစ်တွေအတွက် BEV ပလက်ဖောင်းကို ဖန်တီးမှာပါ။ BEV ပလက်ဖောင်းနဲ့ ပူးတွဲ ဖန်တီးထားတဲ့ မီနီဗင် လျှပ်စစ်ကား နမူနာမော်ဒယ်ကို ဒီတစ်ပတ်ထဲမှာ ပြသမှာပါ။ အဲဒီပြပွဲကို Japan Automobile Manufacturers Association က ကျင်းပမှာပါ။

မီနီဗင် လျှပ်စစ်ကားတွေမှာ Toyota, Suzuki နဲ့ Daihatsu Motor တို့ရဲ့ လုပ်ဆောင်ချက်တွေ ပေါင်းစပ်ထားမှာပါ။ ကားတွေမှာ Suzuki နဲ့ Daihatsu ရဲ့ အရွယ်သေးကားတွေ ထုတ်လုပ်တဲ့ ကျွမ်းကျင်မှုနဲ့ Toyota ရဲ့ လျှပ်စစ်ကား နည်းပညာတွေ ပေါင်းစပ်ထားမှာပါ။ ပထမဆုံး မော်ဒယ်ကို Daihatsu က ထုတ်လုပ်မှာ ဖြစ်ပြီး Toyota နဲ့ Suzuki တို့က ၂၀၂၃ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း ထုတ်လုပ်မှာပါ။ မီနီဗင် လျှပ်စစ်ကားတွေဟာ အားအပြည့်သွင်းထားရင် အနည်းဆုံး ၂၀၀ ကီလိုမီတာ မောင်းနှင်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: gizmochina