တိုယိုတာ က လျှပ်စစ်ကားတွေကို အားသွင်းစရာ မလိုဘဲ လွယ်ကူစွာ ဖြုတ်လဲနိုင်တဲ့ Hydrogen Fuel Cell ဘက်ထရီကို Japan Mobility Show Bizweek 2024 မှာ ပြသလိုက်ပါတယ်။ အဲဒီ Portable Hydrogen ဘက်ထရီဟာ AA ဘက်ထရီ အကြီးစားနဲ့ ဆင်တူပြီး လျှပ်စစ်ကား အားကုန်သွားရင် အားသွင်း စတေရှင်ကို သွားစရာ မလိုဘဲ ဘက်ထရီကို ဖြုတ်လဲနိုင်မှာ ဖြစ်ပါတယ်။

Toyota's New Hydrogen Cartridges Could Make EV Charging Obsolete - Yanko  Design

ဒီနည်းပညာက Hydrogen Fuel Cell လျှပ်စစ်ကား (FCEVs) တွေ အတွက် ပြန်လည်အားသွင်းတဲ့ ဖြစ်စဉ်ကို လွယ်ကူ အဆင်ပြေစေဖို့ ရည်ရွယ်ထားပြီး Hydrogen နည်းပညာကို လူသုံးများစေဖို့ စွဲဆောင်နိုင်ပါတယ်။ တိုယိုတာ ရဲ့ နည်းပညာဟာ Hydrogen ကန်တွေရဲ့ အရွယ်အစားနဲ့ အလေးချိန်ကို လျှော့ချပေးနိုင်ပြီး သယ်ဆောင်ရလွယ်ကူစေပါတယ်။ အဲဒီ ဘက်ထရီတွေဟာ ကား၊ အိမ်နဲ့ ဟင်းချက် ပစ္စည်းတွေအတွက် စွမ်းအင် ပံ့ပိုပေးနိုင်ပါတယ်။

Toyota to Exhibit at Japan Mobility Show Bizweek 2024 | Corporate | Global  Newsroom | Toyota Motor Corporation Official Global Website

တိုယိုတာဟာ အဲဒီ Hydrogen ဘက်ထရီတွေကို နယ်ပယ်များစွာမှာ အသုံးပြုနိုင်အောင် ကြိုးစားနေပြီး Hydrogen အခြေပြု လူမှုအဖွဲ့အစည်းကို တည်ထောင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ အဲဒီ Hydrogen ဘက်ထရီတွေကို တီထွင်နေဆဲ ဖြစ်ပြီး အနာဂတ်မှာ လျှပ်စစ်ကား အားသွင်းဖို့နဲ့ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်အတွက် အလွန်အကျိုးရှိလာမှာ သေချာပါတယ်။

Ref : Tech Explorers