ဂျပန် ကားကုမ္ပဏီတွေဟာ တရုတ် လျှပ်စစ်ကားဈေးကွက်မှာ နောက်ကောက်ကျနေပါတယ်။ ဒါကို တိုယိုတာက ပြောင်းလဲချင်နေပါတယ်။ တိုယိုတာက လျှပ်စစ်ကား ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ တရုတ်မှာ နည်းပညာနဲ့ ဆော့ဖ်ဝဲတွေ ဖန်တီးမယ်လို့ ပြောပါတယ်။

Toyota-US-battery-lab

တရုတ်မှာ အရင်က တိုယိုတာနဲ့ Volkswagen တို့လို နိုင်ငံခြား ကားကုမ္ပဏီတွေဟာ အောင်မြင်ခဲ့ပေမယ့် တရုတ်လျှပ်စစ်ကားဈေးကွက်မှာ ပြည်တွင်းဖြစ် ကားတွေပဲ အောင်မြင်နေပါတယ်။ BYD လို တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေနဲ့ Tesla တို့ဟာ ကားဈေးနှုန်းတွေကို လျှော့ချပေးနေတဲ့အတွက် ပြိုင်ဖက်တွေအတွက် ဖိအားပိုများနေပါတယ်။

အဲဒါကို အမှီလိုက်ဖို့ တိုယိုတာက တရုတ်မှာ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ စမတ်ကျတဲ့ ယာဉ်မောင်းခန်း၊ ခေတ်ပေါ် အတွင်းပိုင်း ဒီဇိုင်းနဲ့ AI တွေကို ဖန်တီးဖို့ တိုယိုတာက ပြုလုပ်မှာ ဖြစ်ပါတယ်။

toyota-local-EV-China

တိုယိုတာဟာ လျှပ်စစ်ကား ထုတ်လုပ်ဖို့ Denso နဲ့ Aisin တို့လို ထိပ်တန်း Supplier တွေနဲ့ ပူးပေါင်းအလုပ်လုပ်နေပါတယ်။

တိုယိုတာ တရုတ်ရဲ့ CEO က “ တရုတ် ဈေးကွက်ဟာ အလွန်လျှင်မြန်တဲ့နှုန်းနဲ့ တိုးတက်နေပါတယ်။ တိုယိုတာဟာ တရုတ်မှာ ယှဉ်ပြိုင်ဖို့ အလုပ်လုပ်ပုံနဲ့ စဉ်းစားပုံတွေကို ပြုပြင်ပြောင်းလဲမှာ ဖြစ်ပါတယ်။ တိုယိုတာဟာ တရုတ် လူမျိုးတွေ စိတ်ကျေနပ်စေမယ့် ထုတ်ကုန်တွေကို ဖန်တီးဖို့ ကြိုးစားမှာပါ။ “ လို့ ပြောပါတယ်။

Ref : electrek