Toyota က Japan Mobility Show 2025 မှာ “mobi” လို့ခေါ်တဲ့ ကလေးတွေအတွက် လျှပ်စစ် bubble car ရှေ့ပြေးပုံစံကို ပြသခဲ့ပါတယ်။ အဲဒီကားငယ်လေးဟာ လူကြီးမပါဘဲ သူ့အလိုလို မောင်းနှင်နိုင်မှာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ “Mobility for All” project ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကားရှေ့မှာ LED မျက်လုံးတွေ တပ်ဆင်ထားပြီး ကလေးတွေနဲ့ တုံ့ပြန်ဆက်ဆံသလိုမျိုး ဒီဇိုင်းထုတ်ထားပါတယ်။

ဒီကားငယ်လေးကို AI နဲ့ မောင်းနှင်မှာဖြစ်ပြီး ယာဉ်ကြောထဲမှာ သွားလာလှုပ်ရှားမှုတွေကို AI က ထိန်းချုပ်ပေးမှာပါ။ ကလေးက ကားထဲရောက်တဲ့အခါ “UX Friend” လို့ခေါ်တဲ့ AI assistant နဲ့ စကားပြောနိုင်ပါတယ်။ အဲဒီ AI က ကလေးကို လမ်းတစ်လျှောက် စကားပြောပေးပြီး “မောင်းနှင်” ပုံနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေ ပေးမှာ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ သူတို့ကလေးတွေရဲ့ လမ်းပေါ်က ဘေးကင်းရေးကို အဲဒီ AI ဆီ ယုံကြည်အပ်နှံနိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ လုံးဝန်းပြီး ပိတ်ထားတဲ့ ဒီဇိုင်းက ကလေးကို ကာကွယ်ပေးနိုင်ပြီး သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံကိုလည်း ထည့်သွင်းပေးထားပါတယ်။

ကားရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့်၊ ပတ်ပတ်လည်မှာ sensor တွေ၊ ကင်မရာတွေ ပါဝင်ပြီး အတားအဆီးတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ Toyota က အဲဒီကားကို ကလေးတစ်ယောက်အမှန်တကယ် ထည့်သွင်းပြီး လမ်းပေါ်မှာ ဘယ်တော့ စမ်းသပ်မောင်းနှင်မယ်ဆိုတာကိုတော့ မကြေညာသေးပါဘူး။

Ref : Design Boom