တိုယိုတာဟာ သမားရိုးကျ ဘက်ထရီတွေထက် စွမ်းရည်ပိုမြင့်မားတဲ့ Solid-state ဘက်ထရီတွေကို လျှပ်စစ်ကားတွေအတွက် အများအပြား ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ၂၀၂၇ ခုနှစ် သို့မဟုတ် ၂၀၂၈ ခုနှစ်လောက်မှာ အဲဒီ Solid-state ဘက်ထရီတွေကို စတင် ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

Toyota's 1,200-km range solid-state battery could change EV game. Here's  how | HT Auto

ကုမ္ပဏီက လျှပ်စစ်ကားတွေ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို ၂ ဆ မြင့်မားစေဖို့ အဲဒီ ဘက်ထရီတွေရဲ့ အရွယ်အစားနဲ့ ကုန်ကျစားရိတ်ကို လျှော့ချနိုင်တဲ့ နည်းပညာကို မကြာခင်က ပြသခဲ့ပါတယ်။ တိုယိုတာရဲ့ လျှပ်စစ်ကား ဘက်ထရီဟာ ၁၀ မိနစ် အားသွင်းရင် ၁,၂၀၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Toyota promises new EVs coming in 2026, nearly 500 mi of range

တိုယိုတာဟာ လျှပ်စစ်ကား ဈေးကွက်မှာ Tesla နဲ့ Ford တို့လို ပြိုင်ဖက်တွေထက် သာလွန်အောင် ဂျပန်ကုမ္ပဏီကြီး Idemitsu နဲ့ပူးပေါင်းထားပါတယ်။

Solid-state ဘက်ထရီတွေဟာ သမားရိုးကျ Liquid Electrolyte Lithium-ion ဘက်ထရီတွေထက် ဘေးကင်းလုံခြုံမှုနဲ့ တည်ငြိမ်မှုမှာ ပိုမို စွမ်းရည်မြင့်မားကြပြီး လျှပ်စစ်ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် လူတွေ စီးနင်းကြဖို့ အဲဒီ ဘက်ထရီတွေက အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။

လျှပ်စစ်ကားတွေရဲ့ အဓိက စိန်ခေါ်မှုက မောင်းနှင်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက် ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီတွေက အကွာအဝေးများများ မောင်းနှင်နိုင်ပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီ နည်းပညာတွေကို အပြိုင်အဆိုင် တီထွင်နေကြတာ ဖြစ်ပါတယ်။

Ref : Tech DAD