ဒေါ်နယ်လ်ထရမ့်က Facebook CEO Mark Zuckerberg ၊ Twitter သူဌေး Jack Dorsey ၊ Google ရဲ့ ဂုရု Sundar Pichai တို့နဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကို တရားစွဲမယ်လို့ ပြောပါတယ်။ အကြောင်းအရင်းက သူ့အကောင့်တွေကို မှားယွင်း ပိတ်ပင်လို့ ဖြစ်ပါတယ်။

Trump and his allies are banned from these platforms - The Washington Post

ထရမ့်ဟာ အင်္ဂါနေ့က ကျင်းပတဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဒီလို ပြောလိုက်တာပါ။ သူက “ အမေရိကန် ပြည်သူတွေအပေါ် တရားမဝင် မှားယွင်း ပိတ်ပင်မှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ ညွှန်ကြားရန် ဖလော်ရီဒါတောင်ပိုင်းက အမေရိကန် တရားရုံးကို ကျွန်တော် တောင်းဆိုလိုက်ပါတယ်။ သူတို့ဟာ တကယ်ကို အဲဒီ ပြစ်မှုကို ကျူးလွန်နေကြတာပါ။ အကောင်းဆုံး ရှေ့နေတွေကို ငှားပြီး တိုက်ပွဲဝင်သွားမှာပါ။ “ လို့ ပြောပါတယ်။

Facebook Oversight Board delays decision about Trump's possible return - BBC News

ထရမ့်ကို ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန် လွှတ်တော်မှာ ဆူပူအုံကြွမှု ဖြစ်အောင် စည်းရုံး လှုံ့ဆော်တယ်ဆိုပြီး Facebook , Twitter နဲ့ YouTube တို့က ပိတ်ပင်ခဲ့ပါတယ်။ Twitter က ထာဝရ ပိတ်ပင်လိုက်တာ ဖြစ်ပြီး Facebook က ၂၀၂၃ ခုနှစ်မှာ သူ့ အကောင့်ကို ပြန်သုံးခွင့်ပေးဖို့ စဉ်းစားမယ်လို့ ပြောထားပါတယ်။ YouTube က အကြမ်းဖက်မှု လျော့ကျသွားမယ်ဆိုရင် သူ့ အကောင့် ပြန်သုံးခွင့်ပေးဖို့ စဉ်းစားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ထရမ့်ရဲ့ လူမှုကွန်ရက် အကောင့်တွေ ပိတ်ခံလိုက်ရတဲ့တွက် သူ့ သတင်းစကားတွေ လူတွေဆီ ရောက်ရှိမှု အရမ်းကျသွားပါတယ်။ ဇန်နဝါရီလနဲ့ မေလအတွင်းမှာ ၉၁ ရာခိုင်နှုန်းလောက် ကျသွားတယ်လို့ NewsWhip ရဲ့ ဒေတာတွေအရ သိရပါတယ်။

Ref : tnw