Unicode

အခုနှစ်အတွက် Android Flagship စမတ်ဖုန်းတွေဟာ အဓိကအနေနဲ့ Qualcomm Snapdragon 865 Processor သို့မဟုတ် Kirin 990 နဲ့ Exynos 990 လိုမျိုး Chipset တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒီ Android Chipset တွေဟာ ဒီနှစ် Apple ကနေ iPhone အသစ်တွေမှာ အသုံးပြုလာမယ့် A14 Bionic Chip နဲ့ ယှဥ်မယ်ဆိုရင် သိသိသာသာကို နှေးကွေးနေဖို့များနေပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ Apple iPhone တွေအတွက် Chip တွေကို ထုတ်လုပ်ပေးနေတဲ့ TSMC ကနေ လာမယ့် ၂၀၂၀ ဒုတိယ ၃ လပတ်က စတင်ပြီးတော့ 5nm System Chip တွေကို ထုတ်လုပ်ပေးသွားမယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ အခုသတင်းကိုတော့ DigiTimes ကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး ဒီ 5nm System Chip တွေဟာ Apple A14 Bionic Chip တွေဖြစ်ဖို့ အလားအလာများနေပါတယ်။

ပုံမှန်အားဖြင့် Apple iPhone အသစ်တွေဟာ စက်တင်ဘာလဝန်းကျင်မှာ မိတ်ဆက်တတ်တဲ့အတွက် အခုလိုမျိုး TSMC ကနေ 5nm Chip တွေအမြောက်အများထုတ်ပြီးတဲ့အချိန်နဲ့ iPhone အသစ်တွေမိတ်ဆက်လာမယ့်အချိန်က ကိုက်ညီနေတာလည်းဖြစ်ပါတယ်။

Apple ဟာ ဒီလိုမျိုး 5nm A14 Bionic Chip ကို အသုံးပြုပြီး ဒီနှစ်ထွက်ရှိလာမယ့် iPhone အသစ်တွေမှာ Performance ပိုတိုးတက်လာမယ့်အပြင် Power စားသုံးမှုလည်း ပိုပြီးသက်သာလာာအောင်ဆောင်ရွက်သွားဖို့များနေပါတယ်။ နောက်ထပ်လည်း ဒီနှစ် iPhone တွေမှာ AR ပိုင်းကို ဦးစားပေးဆောင်ရွက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ဒီ 5nm A14 Bionic Chip ရဲ့ စွမ်းဆောင်ရည်ကလည်း AR ပိုင်းကို ပိုပြီး အာရုံစိုက်လာဖွယ်ရှိနေပါတယ်။

Ref – Phone Arena

Zawgyi

အခုႏွစ္အတြက္ Android Flagship စမတ္ဖုန္းေတြဟာ အဓိကအေနနဲ႔ Qualcomm Snapdragon 865 Processor သို႔မဟုတ္ Kirin 990 နဲ႔ Exynos 990 လိုမ်ိဳး Chipset ေတြကို အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒီ Android Chipset ေတြဟာ ဒီႏွစ္ Apple ကေန iPhone အသစ္ေတြမွာ အသုံးျပဳလာမယ့္ A14 Bionic Chip နဲ႔ ယွဥ္မယ္ဆိုရင္ သိသိသာသာကို ေႏွးေကြးေနဖို႔မ်ားေနပါတယ္။

ဘာေၾကာင့္လဲဆိုရင္ လက္ရွိအခ်ိန္မွာ Apple iPhone ေတြအတြက္ Chip ေတြကို ထုတ္လုပ္ေပးေနတဲ့ TSMC ကေန လာမယ့္ ၂၀၂၀ ဒုတိယ ၃ လပတ္က စတင္ၿပီးေတာ့ 5nm System Chip ေတြကို ထုတ္လုပ္ေပးသြားမယ္လို႔ သတင္းေတြထြက္ေပၚလာတာေၾကာင့္ျဖစ္ပါတယ္။ အခုသတင္းကိုေတာ့ DigiTimes ကေန ေဖာ္ျပသြားခဲ့တာျဖစ္ၿပီး ဒီ 5nm System Chip ေတြဟာ Apple A14 Bionic Chip ေတြျဖစ္ဖို႔ အလားအလာမ်ားေနပါတယ္။

ပုံမွန္အားျဖင့္ Apple iPhone အသစ္ေတြဟာ စက္တင္ဘာလဝန္းက်င္မွာ မိတ္ဆက္တတ္တဲ့အတြက္ အခုလိုမ်ိဳး TSMC ကေန 5nm Chip ေတြအေျမာက္အမ်ားထုတ္ၿပီးတဲ့အခ်ိန္နဲ႔ iPhone အသစ္ေတြမိတ္ဆက္လာမယ့္အခ်ိန္က ကိုက္ညီေနတာလည္းျဖစ္ပါတယ္။

Apple ဟာ ဒီလိုမ်ိဳး 5nm A14 Bionic Chip ကို အသုံးျပဳၿပီး ဒီႏွစ္ထြက္ရွိလာမယ့္ iPhone အသစ္ေတြမွာ Performance ပိုတိုးတက္လာမယ့္အျပင္ Power စားသုံးမႈလည္း ပိုၿပီးသက္သာလာေအာင္ေဆာင္႐ြက္သြားဖို႔မ်ားေနပါတယ္။ ေနာက္ထပ္လည္း ဒီႏွစ္ iPhone ေတြမွာ AR ပိုင္းကို ဦးစားေပးေဆာင္႐ြက္လာမယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့အတြက္ ဒီ 5nm A14 Bionic Chip ရဲ႕ စြမ္းေဆာင္ရည္ကလည္း AR ပိုင္းကို ပိုၿပီး အာ႐ုံစိုက္လာဖြယ္ရွိေနပါတယ္။

Ref – Phone Arena