ကမ္ဘာ့ကြီးဆုံး Semiconductor Manufacturing ကုမ္ပဏီဖြစ်တဲ့ TSMC ဟာ လာမဲ့သုံးလပတ်အတွင်းမှာ သူတို့ရဲ့ 4nm Chip တွေကို စွန့်စားပြီး ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့နှစ်တုန်းက 5nm Process node နဲ့ Chip တွေကို အမြောက်အများ ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Process node တွေကို (Transistor density) လို့ လူသိများတဲ့ စတုရန်းမီလီလီတာအတွင်း အံဝင်ခွင်ကျဖြစ်နိုင်တဲ့ Transistor အရေအတွက်ပေါ် တွက်ချက်ပါတယ်။ Process နိမ့်ပြီး နံပါတ်တွေမြင့်လေလေ ပိုပြီး စွမ်းဆောင်ရည်မြင့်၊ ပိုပြီးစွမ်းအင်ကိုအကျိုးရှိရှိအသုံးချနိုင်လေလေ ဖြစ်ပါတယ်။

2019 iPhone 11 မှာ အသုံးပြုတဲ့ Apple ရဲ့ A13 Bionic chipset ဟာ 7nm process ဖြစ်ပါတယ်။ Transistor သိပ်သည်းဆဟာ စတုရန်းမီလီမီတာတိုင်းမှာ ၈၉.၉၇ သန်းရှိတာကြောင့်၊ Chip တစ်ခုလုံးမှာဆိုရင် ၈.၅ ဘီလီယံအထိ ရှိပါတယ်။ 2020 Apple A14 Bionic chipset ကတော့ ၁၁.၈ ဘီလီယံ အထိ ဖြစ်လာပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာစတင်ပြီးထုတ်လုပ်မဲ့ 3nm Chipset တွေမှာလည်း ကြီးမားတဲ့ အပြောင်းအလဲကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Apple ရဲ့ M1 chip ကလည်း 5nm node ကို အသုံးပြုလုပ်ဆောင်ထားတာပါ။ Mac ရဲ့ Intel processor တွေနေရာမှာ အစားထိုးဖို့ လုပ်ထားတာပါ။ Transistor အရေအတွက် ၁၆ ဘီလီယံအထိရှိပြီး ARM-based component ဟာ new iPad Pro (2021) မော်ဒယ်မှာ အသုံးပြုခဲ့ပါတယ်။ TSMC ကတစ်ဆင့် ထွက်ပေါ်လာတဲ့သတင်းတွေအရ M2 ထုတ်လုပ်မှုကို စတင်ခဲ့ပြီဖြစ်ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့လတုန်းကတော့ IBM ဟာ 2nm Chip ကို ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးကုမ္ပဏီဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီနည်းပညာကို လက်တွေ့အသုံးချဖို့ နှစ်ပေါင်းများစွာဝေးကွာနေခဲ့ပေမယ့် အခုအချိန်မှာတော့ ကြီးမားတဲ့ပြောင်းလဲတိုးတက်မှုတွေ ပေါ်ပေါက်လာပြီလို့ ဆိုရမှာပါ။

Ref: Phone arena