Nothing ကုမ္ပဏီဟာ မကြာခင်မှာ Mid Range ဖုန်းအသစ်ဖြစ်တဲ့ Nothing Phone (2a) ကို မကြာခင်မှာ မိတ်ဆက်ဖို့ စီစဥ်ထားတယ်ဆိုပြီး အတည်ပြုထားပြီးဖြစ်ပါတယ်။ အဆိုပါ Nothing Phone (2a) ကို လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ကျင်းပသွားမယ့် Mobile World Congress (MWC) 2024 မှာ တရားဝင်မိတ်ဆက်မယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။

အခုလို မိတ်ဆက်ဖို့အချိန်လိုအပ်သေးပေမယ့် နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ @OnLeaks ကနေ Nothing Phone (2a) ရဲ့ ဒီဇိုင်း Render ဓါတ်ပုံကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Render ဓါတ်ပုံအရ Nothing Phone (2a) ဟာ အစောပိုင်းတုန်းက ထွက်ရှိထားတဲ့ ဒီဇိုင်းကနေ သိသိသာသာပြောင်းလဲသွားမှာဖြစ်ပါတယ်။

အရင်ဆုံး Camera Design အနေနဲ့ Dual Camera Setup ကိုပဲ အသုံးပြုထားမှာဖြစ်ပေမယ့် ယခင် Nothing Phone တွေရဲ့ ဒီဇိုင်းအတိုင်းပဲ ထည့်သွင်းထားပြီး အစောပိုင်း ဓါတ်ပုံတွေမှာလိုမျိုး Camera Setup ကို ဖုန်းရဲ့ နောက်ကျောအလယ်ဘက်မှာ ထည့်သွင်းထားမှာမဟုတ်ပါဘူး။ နောက်ထပ်ထူးခြားချက်က Nothing Phone (2a) မှာ Nothing Phone တွေရဲ့ Signature Feature လို့ ပြောနိုင်တဲ့ Glyph Lighting လည်း ပါဝင်မှာမဟုတ်ပါဘူး။

ဒါကြောင့် Nothing Phone (2a) ဟာ သာမန် Translucent Design ကို အသုံးပြုထားတဲ့ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပြီး ယခင် Nothing Phone တွေမှာ ပါဝင်တဲ့ Wireless Charging လည်း ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ Nothing Phone (2a) ရဲ့ Specs တွေအနေနဲ့ကတော့ 6.7″ Full HD+ AMOLED Display ၊ MediaTek Dimensity 7200 Chipset ၊ အမြင့်ဆုံး 12GB RAM နဲ့ 256GB Storage ၊ 50MP Main Camera အပြင် 45W Fast Charging တွေကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Ref – Gizmo China