ဂိမ်း ကစားတာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ Twitch ပလက်ဖောင်းကို ပူးတွဲတည်ထောင်ထားတဲ့ Justin Kan က Fractal အမည်ရ Gaming NFTs ဈေးကွက်အသစ် ၁ ခုကို တည်ထောင်မယ်လို့ ကြေညာလိုက်ပါတယ်။ NFTs ဈေးကွက်မှာ အကြီးမားဆုံး ဖြစ်တဲ့ OpenSea ကို တိုက်ရိုက် ယှဉ်ပြိုင်ဖို့ မရည်ရွယ်ထားဘဲ Gaming NFTs တွေကို အသားပေးမှာ ဖြစ်ပါတယ်။

Twitch co-founder is building a marketplace for gaming NFTs

Streamer တွေက ကြည့်ရှုသူတွေကို NFTs တွေ လက်ဆောင်ပေးနိုင်တဲ့ Twitch Plug-in ကို ကြေညာပြီးနောက်မှာ အခု ကြေညာချက်ထွက်လာတာပါ။ Fractal ဟာ NFTs တွေ ထုတ်လုပ်နေတဲ့ Gaming Studios တွေနဲ့ ပူးပေါင်းထားပြီ ဖြစ်ပြီး ကစားသူတွေဟာ Fractal ရဲ့ Gaming ပါတနာ တွေဆီကနေ Gaming NFTs တွေကို တိုက်ရိုက် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တခြား ကစားသူတွေဆီက Gaming NFTs တွေကိုလည်း အရောင်းအဝယ် ပြုလုပ်နိုင်မှာပါ။

Twitch Co-Founder Announces Fractal, a New Marketplace for Gaming NFTs By  DailyCoin

Fractal ရဲ့ အဖွဲ့ဟာ တော်တော် အင်အားတောင့်တင်းပြီး အရင် Zynga Asia ရဲ့ အကြီးအကဲ Robin Chan , အရင် Google Drive ပူးတွဲတည်ထောင်သူ David Wurtz နဲ့ အရင် Fast , Shopify မှာ အလုပ်လုပ်ခဲ့တဲ့ Mike Angell တို့ ပါဝင်ပါတယ်။

Fractal ရဲ့ ပထမဆုံး ပါတနာတွေထဲမှာ Blockchain အသုံးပြုထားတဲ့ Game Developer တွေ ပါဝင်ပါတယ်။ Fractal မှာ ရောင်းချတဲ့ NFTs တွေဟာ ကစားသူတွေအတွက် Game ထဲမှာ စွမ်းရည်နဲ့ အတွေ့အကြုံ အသစ်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

Ref : forkast.news