Twitter ရဲ့ Blue subscription ဝန်ဆောင်မှုအသစ်ဟာ Feature သစ်တွေကို အဆက်မပြတ်ဆိုသလို ထည့်သွင်းပေးနေပြီး ကနဦးကတိပြုထားတဲ့အတိုင်း နောက်ဆုံးပေါ်အရာတွေကို ယူဆောင်လာတာပဲ ဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Blue subscribers တွေရဲ့ Tweets တွေကို ဦးစားပေးလုပ်ဆောင်နေတဲ့အပြင် တစ်နာရီကြာမြင့်တဲ့ ဗီဒီယိုတွေကိုလည်း Upload ပြုလုပ်ခွင့်ပေးနေပြီလည်း ဖြစ်ပါတယ်။

တစ်နာရီထက် ပိုကြာမြင့်တဲ့ ဗီဒီယိုတွေကိုတော့ လက်ရှိမှာ ဝက်ဘ်ကနေ Upload ပြုလုပ်နိုင်ပြီး 1080p resolution နဲ့ 2GB အရွယ်အစားအထိ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုမတိုင်ခင်ကတော့ Blue subscription တွေဟာ 1080p resolution နဲ့ ၁၀ မိနစ်စာ ဗီဒီယိုတွေကို အရွယ်အစားအမြင့်ဆုံး 512MB အထိပဲ ကန့်သတ်ချက်နဲ့ Upload ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Twitter ရဲ့ Android နဲ့ iOS apps တွေကနေ Upload ပြုလုပ်မယ်ဆိုရင် စနစ်ဟောင်းအတိုင်း ကန့်သတ်ချက်က အကျုံးဝင်နေဦးမှာ ဖြစ်ပါတယ်။ Conversations တွေနဲ့ ပတ်သက်ရင်တော့ Twitter ဟာ “အခြား Replies တွေထက် Blue verified accounts တွေရဲ့ Replies တွေကို ပိုပြီးဦးစားပေးတာကိုတွေ့ရပါလိမ့်မယ်။ သူတို့ဟာ ဘယ် Conversation မှာမဆို Topmost replies တွေ ဖြစ်နေကြပါလိမ့်မယ်။

Twitter Blue တွေအတွက် နောက်ထပ် Features တွေလည်း ထပ်ပြီးရောက်လာဦးမယ်လို့ ယုံကြည်ရပါတယ်။ ဒီဝန်ဆောင်မှုတွေအတွက် အသုံးပြုသူတွေဟာ တစ်လကို ၈ ဒေါ်လာ (iOS က စာရင်းသွင်းရင် ၁၁ ဒေါ်လာ) ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၈ဒေါ်လာတန် Blue subscription ဟာ သုံးစွဲသူအတော်များများအတွက် ဆွဲဆောင်မှုရှိနေဆဲဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena