Elon Musk က ပြီးခဲ့တဲ့ သောကြာနေ့မှာ တွစ်တာကို ဝယ်ယူဖို့သဘောတူညီထားတာကို ရပ်နားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီပြဿနာက ဒီမှာတင် မပြီးသေးပါဘူး။ Reuters က တွစ်တာဟာ Elon Musk ကို တရားစွဲဖို့ Wachtell, Lipton, Rosen & Katz LLP ရှေ့နေ အဖွဲ့ကို ငှားရမ်းထားပြီး တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူဖို့ Musk ကို ဖိအားပေးရန် ကြိုးစားနေတယ်လို့ ပြောပါတယ်။

Twitter hires law firm as it prepares to sue Elon Musk

Musk ဟာ ဧပြီလတုန်းက တွစ်တာကို ဝယ်ယူဖို့ သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ရှယ်ယာ ၁ ခုကို ၅၄.၂၀ ဒေါ်လာနဲ့ ပေးမယ်လို့ ပြောခဲ့ပါတယ်။

Twitter hires law firm as it prepares to sue Elon Musk - GSMArena.com news

ဒါပေမယ့် Musk ဟာ မေလမှာ ဒီသဘောတူညီမှုကို ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Bots တွေဟာ နေ့စဉ် သုံးစွဲတဲ့ User တွေရဲ့ ၅ ရာခိုင်နှုန်း မကျော်ဘူးဆိုတဲ့ တွစ်တာရဲ့ ပြောဆိုချက်ကို သူ စုံစမ်းချင်လို့ ဖြစ်ပါတယ်။ Musk က တကယ့် အရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ယုံကြည်ထားပြီး တွစ်တာက သူနဲ့ သူ့အဖွဲ့ စုံစမ်းစစ်ဆေးလို့ မရအောင် တားဆီးခဲ့ပါတယ်။ ဒါဟာ စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်တာပါ။

Bloomberg က တွစ်တာဟာ ဒီ ၁ ပတ်ထဲမှာ တရားစွဲမယ်လို့ ထင်ရတယ်လို့ ပြောပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက ၂၀၁၈ ခုနှစ်မှာ Musk ဟာ Tesla ကို ပုဂ္ဂလိက ကုမ္ပဏီ အဖြစ် ပြုလုပ်ဖို့ ကြိုးစားချိန်မှာ Wachtell ဟာ သူ့အတွက် အကြံပေး ရှေ့နေ အဖြစ် အလုပ်လုပ်ပေးခဲ့ဖူးပါတယ်။

Ref : gsmarena