လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က William Chen နဲ့ Guan Wang လို့ခေါ်တဲ့ အသက် (၂၂) နှစ်အရွယ် ကျောင်းနေဖက် သူငယ်ချင်းနှစ်ယောက်ဟာ အင်တာနက်ပေါ်က အချက်အလက်အများကြီးအစား အရည်အသွေးမြင့် စကားပြောဆိုမှု အနည်းငယ်နဲ့ လေ့ကျင့်ပေးထားတဲ့ ‘OpenChat’ လို့ခေါ်တဲ့ AI မော်ဒယ်ငယ်လေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ လူသားတွေ သင်ယူလေ့လာသလိုမျိုး အမှားအမှန်ခွဲခြားပြီး ပြုပြင်သင်ယူတဲ့ နည်းစနစ် (Reinforcement Learning) ကို အသုံးပြုထားတာကြောင့် နည်းပညာလောကမှာ ရုတ်တရက် နာမည်ကြီးလာခဲ့ပါတယ်။

Meet The Gen Z Students Who Rejected World's First Trillionaire, Elon Musk's  Multi-Million-Dollar Job Offer To Build AI Firm Inspired By Human Brain;  His Net Worth Is… | News | Zee News

သူတို့ရဲ့ အောင်မြင်မှုဟာ နာမည်ကြီး နည်းပညာလုပ်ငန်းရှင် အီလွန်မတ်စ် (Elon Musk) ရဲ့ xAI ကုမ္ပဏီဆီကို ရောက်သွားပြီး ဒေါ်လာသန်းချီတန်တဲ့ လစာနဲ့ အလုပ်ကမ်းလှမ်းခဲ့ပေမယ့် သူတို့က လက်မခံခဲ့ပါဘူး။ လက်ရှိသုံးနေတဲ့ ဘာသာစကားမော်ဒယ်တွေမှာ ကန့်သတ်ချက်တွေ ရှိနေသေးတယ်လို့ ယုံကြည်တဲ့အတွက် ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ပြီး လူ့ဦးနှောက်နဲ့ ဆင်တူတဲ့ ပိုမိုမြင့်မားတဲ့ ဉာဏ်ရည်တုစနစ်တစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Meet William Chen and Guan Wang: Two Gen Z founders who rejected Elon Musk's  offer to build OpenAI-beating HRM AI - Technology News | The Financial  Express

အဲဒီနောက် ပေကျင်းမြို့က ဓာတ်ခွဲခန်းတစ်ခုမှာ နှစ်နှစ်ကြာ ကြိုးစားပြီးတဲ့အခါမှာတော့ ‘Hierarchical Reasoning Model (HRM)’ လို့ခေါ်တဲ့ နည်းပညာသစ်ကို တီထွင်နိုင်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူတို့ရဲ့ မော်ဒယ်အသစ်ဟာ အရွယ်အစားသေးငယ်ပေမယ့် OpenAI နဲ့ Anthropic တို့လို ကုမ္ပဏီကြီးတွေရဲ့ AI မော်ဒယ်တွေထက် စဉ်းစားတွေးခေါ်မှုပိုင်းမှာ ပိုပြီး စွမ်းဆောင်ရည်ကောင်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ သူတို့ဟာ Sapient Intelligence အမည်နဲ့ ကုမ္ပဏီထောင်ပြီး အမေရိကန်မှာ ရုံးခွဲဖွင့်ဖို့ ပြင်ဆင်နေကြသလို လူသားတွေလိုပဲ ဉာဏ်ရည်မီတဲ့ AGI (Artificial General Intelligence) ကို ပထမဆုံး ဖန်တီးနိုင်သူတွေ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ခန့်မှန်းရုံသက်သက်မဟုတ်ဘဲ ကိုယ်ပိုင်ယုတ္တိဗေဒနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီး အနာဂတ်မှာ လူသားထက် ပိုတော်တဲ့ AI တွေ ပေါ်ထွက်လာတော့မယ်လို့ ယုံကြည်ထားကြပါတယ်။

Ref : Fortune