realme က မကြာခင်ကပဲ Note Series အသစ်ရဲ့ ပထမဆုံး ဖုန်းဖြစ်တဲ့ realme Note 50 ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက နောက်ထပ် Note ဖုန်း ၂ လုံးကို ဒီနှစ်ထဲ ရောင်းချမှာ ဖြစ်ပြီး ဒီနှစ်ထဲမှာ စုစုပေါင်း Note ဖုန်း ၃ လုံး ရောင်းချမှာပါ။ Note ဖုန်း အလုံးရေ ၁၀ သန်းကို ဒီနှစ်ထဲ ရောင်းချနိုင်ဖို့ ရည်မှန်းထားပါတယ်။

Exclusive: Two more Realme Note phones coming this year, target is 10M sales of the series in 2024

realme Europe ရဲ့ CEO ဖြစ်သူ Francis Wong က အဲဒီ အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ Series အသစ်ရဲ့ သတင်းအချက်အလက်တချို့ကို ပြောကြားလိုက်ပါတယ်။

ပထမဆုံး realme Note ဖုန်းကို ဖိလစ်ပိုင်မှာ ဒီလ ၂၃ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်း နောက်ထပ် Note ဖုန်း ၂ လုံးထွက်လာမှာပါ။

realme Note Series ကို ဒေါ်လာ ၁၀၀ အောက်နဲ့ ရောင်းချမှာ ဖြစ်ပြီး တခြားပြိုင်ဖက်တွေရဲ့ Note Series တွေထက် ဈေးသက်သာမှာပါ။ realme Note ဖုန်းတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကုမ္ပဏီ ဖုန်း ရောင်းချထားတဲ့ နိုင်ငံတိုင်းမှာ ရောင်းချမှာပါ။

Exclusive: Two more Realme Note phones coming this year, target is 10M sales of the series in 2024

ကုမ္ပဏီက ၂၀၂၄ ခုနှစ်ထဲမှာ အလုံးရေ ၁၀ သန်းရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Note Series ရဲ့ Build Quality ကောင်းမွန်တဲ့အတွက် အဲဒီရောင်းအား ပြည့်မှီမယ်လို့ ယုံကြည်ထားပါတယ်။ ကုမ္ပဏီက ပြိုင်ဖက်တွေထက် ပိုကောင်းတဲ့ ဒီဇိုင်းနဲ့ အရည်အသွေးပိုမြင့်တဲ့ ပစ္စည်းတွေကို သုံးမယ်လို့ ပြောပါတယ်။

ကုမ္ပဏီက ပြိုင်ဖက် စွမ်းရည်နိမ့်ဖုန်းတွေမှာ မလုပ်ပေးနိုင်တဲ့ Quality Control ကို ကောင်းကောင်းလုပ်ပေးပြီး After-sales Support ကောင်းကောင်းပေးမယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ပြိုင်ဖက်တွေထက် Warranty နဲ့ Software Update ပိုကြာအောင်ပေးမယ်လို့ ပြောပါတယ်။

Ref : gsmarena