UBI Research ရဲ့ OLED သုတေသန ပညာရှင်တွေက Samsung ဟာ ၂၀၂၁ မှာ Foldable စမတ်ဖုန်း ၃ လုံး ထုတ်လုပ်ရောင်းချမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဒီသတင်းထွက်လာတာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ Samsung ဟာ Foldable ဖုန်းတွေကို အဓိက အာရုံစိုက် ထုတ်လုပ်ရောင်းချဖို့အတွက် Note Series ထုတ်လုပ်တာကို ရပ်နားမယ်လို့တောင် သတင်းထွက်နေပါတယ်။ နောက်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် Foldable ဖုန်း ၃ လုံးက Galaxy Z Fold3, Z Fold Lite နဲ့ Z Flip2 တို့ ဖြစ်ပြီး အဲဒီဖုန်းတွေရဲ့မျက်နှာပြင် သတင်းအချက်အလက် အသေးစိတ်ကိုလည်း UBI က သတင်းပေးထားပါတယ်။

Samsung teases clamshell foldable as Galaxy Fold 2 rumors whirl - SlashGear

အဲဒီ Foldable ဖုန်း ၃ လုံးစလုံးမှာ နောက်မျိုးဆက် UTG (Ultra-Thin Glass) Foldable မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး စွမ်းအင် စားသုံးမှု သက်သာစေဖို့ LTPO နည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။ အားလုံးထဲမှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါလာမယ့် Z Fold3 က အထူးခြားဆုံး  ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာပြင် အရွယ်အစားဟာ ၇.၆ လက်မ ကနေ ၇ လက်မအထိ သေးငယ်သွားမှာ ဖြစ်သလို အပြင်ဘက် မျက်နှာပြင်ကလည်း ၄ လက်မ ဖြစ်တဲ့အတွက် Galaxy Z Fold2 ထက် အရွယ်အစား သေးငယ်သွားမှာ ဖြစ်ပါတယ်။

Samsung Foldable Phone's Design Seen in New Concept Renders | Technology News

Samsung Galaxy Z Fold Lite မှာ အဲဒီ တူညီတဲ့ မျက်နှာပြင်တွေ ထည့်သွင်းထားမှာ ဖြစ်ပေမယ့် မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ မပါလာနိုင်ပါဘူး။ ဈေးသက်သာစေဖို့အတွက် အတွင်းပိုင်း အစိတ်အပိုင်းတွေကို ဝိတ်လျှော့ထားနိုင်ပါတယ်။

Z Flip2 မှာ ၆.၇ လက်မ Foldable မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး အပြင်ဘက် မျက်နှာပြင်ဟာ မူလမျိုးဆက် Z Flip ရဲ့ ၁.၁ လက်မထက် ပိုကြီးတဲ့ ၃ လက်မ ဖြစ်မယ်လို့ သိရပါတယ်။ Z Fold3 မှာ S Pen Support ပါလာမယ်လို့ UBI က ပြောပါတယ်။

Ref : gsmarena