Ubisoft က NFTs ပလက်ဖောင်း ဖြစ်တဲ့ Quartz ကို ဒီလ အစောပိုင်းက ကြေညာခဲ့ပြီး NFTs တွေကို နိုင်ငံတချို့မှာ စမ်းသပ်တဲ့ အနေနဲ့ ထည့်သွင်းပေးမယ့် ပထမဆုံး ဂိမ်းဟာ Tom Clancy’s Ghost Recon Breakpoint ဖြစ်တယ်လို့ ပြောထားပါတယ်။ ကြေညာထားတာ ၁ လတောင် မပြည့်သေးတဲ့အချိန်မှာ Ubisoft ရဲ့ NFTs တွေ ဘယ်လောက်အောင်မြင်သလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Apex Legends ရဲ့ အကြီးတန်း ဇာတ်ကောင် အနုပညာရှင် Liz Edwards က Ubisoft ဟာ Objikt နဲ့ Rarible ဈေးကွက် ၂ ခုမှာ NFTs စုစုပေါင်း ၁၅ ခု ရောင်းချခဲ့ပြီးပြီလို့ ထင်ရတယ်လို့ သတင်းပေးလာပါတယ်။ 445.49 Tezos ဖိုးရောင်းချရပြီးပြီဖြစ်ပြီး လက်ရှိပေါက်ဈေးအရ ဒေါ်လာ ၁,၇၅၅.၃၀ နဲ့ ညီမျှပါတယ်။

Ubisoft announces playable NFTs named 'digit' while Earth gets hotter -  DailyNationToday

Ubisoft ဟာ NFTs အများစုကို လက်ဆောင်လည်း ပေးနေတဲ့အတွက် ရောင်းအား နည်းပါးစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Ubisoft ဟာ NFTs နယ်ပယ်ထဲ စမ်းသပ်ဝင်ရောက်တဲ့ အခြေအနေဟာ ကောင်းမွန်တယ်လို့ ပြောရမှာပါ။

Ubisoft ရဲ့ ဂိမ်းတွေကို ကစားသူတွေသာ NFTs ၁ ခုကို ဝယ်ယူနိုင်အောင် Quartz ကို ဒီဇိုင်းထုတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်း ဝယ်ယူလို့ မရပါဘူး။

သတင်းထောက် Stephen Totilo က Ubisoft ရဲ့ NFTs ကို Ghost Recon က Skin အတွက် ဝယ်ယူကြတာလို့ တွစ်တာမှာ ရေးသားထားပါတယ်။ ကစားချိန် နာရီပေါင်း ၆၀၀ ပြည့်မှ ယူလို့ရတဲ့ ဦးထုပ်ကိုတော့ ဘယ်သူမှ မဝယ်ယူကြသေးပါဘူး။

Ref : eurogamer.net